ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန် ပြီးနောက် အလုပ်ပြန်လုပ်ရတာကို ပျော်နေရှာတဲ့ အမျိုးသမီး ကားမောင်းသမား

17-6-2020-yyl-033.jpg

ရှေ့တန်းမှာ နေရင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ဝန်ထမ်းအလုပ်သမားတချို့က ရောဂါကူးစက်ခံရတာကနေ ပြန်လည်ကောင်းမွန်လာပြီး အခုဆိုရင် အလုပ်ကိုတောင် ပြန်လုပ်နိုင်ပြီလို့ သိရပါတယ်။ အဲဒီဝန်ထမ်းတွေထဲမှာ MTA New York City Transit ယာဉ်လိုင်းအတွက် ကားမောင်းသမားအဖြစ် (၁၀) နှစ် လောက်အလုပ်လုပ်နေခဲ့တဲ့ နယူးဂျာဇီပြည်နယ်က မီယာ ယောက်စ်ဆိုတဲ့အမျိုးသမီးလည်း အပါအဝင်ပါပဲ။ သူဟာ ကားမောင်းပေးရင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရမယ်လို့ မမျှော်လင့်ခဲ့ဘူးလို့တောင် မီယာ ယောက်စ်က ပြောပါတယ်။

“ကျွန်မမဟုတ်ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်။ ကျွန်မ အိုကေတယ်။ ကျွန်မ အဆင်ပြေတယ်လို့ တွေးခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်”လို့ ဆိုပါတယ်။ မီယာက လုံးဝပြန်ကောင်းဖို့အတွက် အိမ်မှာ ရက်တော်တော်ကြာ ကုန်ဆုံးခဲ့ပြီးတဲ့နောက်မှာ အလုပ်ခွင်ကို ပြန်ရောက်ပြီး အလုပ်လုပ်ခွင့်ရတဲ့အတွက် ပျော်ရွင်ခဲ့ရပါတယ်။ သူ့အတွက် အလုပ်ကိုပြန်လာရတာက သူ့ရဲ့ဒဏ်ခံနိုင်မှုနဲ့ သူ့ကို စိတ်ဓာတ်ကျအောင် ဘယ်အရာမှ မလုပ်နိုင်ဘူးဆိုတာ ပြနေတာပါ။ လူအသိုင်းအဝိုင်းကို ကူညီနေတဲ့သူ့ကို ဘယ်အရာကမှ ရပ်တန့်နိုင်အောင်မလုပ်နိုင်ဘူးလို့ မီယာက ပြောပါတယ်။ အခုဆိုရင် မီယာက ကားမောင်းရင်းနဲ့ ဘေးကင်းစေဖို့ ကြိုတင်ကာကွယ်မှုတွေကို လိုက်နာနေရပါတယ်။ သူ့ထိုင်ခုံတွေကို ဖုံးထားတာ၊ ကားစတီယာ၊ dashboard တို့ကို သန့်ရှင်းတာတွေ ပြုလုပ်ရပါတယ်။

မီယာက အခု လူတွေနဲ့ ဘယ်လိုဆက်ဆံပြောဆိုရမလဲမသိဖြစ်နေပြီး အလုပ်ခွင်မှာ လူမျိုးစုံနဲ့ ပတ်သက်ရပါတယ်။ ပါးစပ်နဲ့နှာခေါင်းစည်းမတပ်ဘဲ ကားစီးတဲ့သူတွေရှိနေသေးပါတယ်တဲ့။ သူ့ရဲ့အလုပ်သဘောသဘာဝကြောင့်၊ ရောဂါပျံ့နှံ့မှုနဲ့ပတ်သက်ပြီး မသေချာမှုတွေကြောင့် ပိုးသတ်သန့်စင်တဲ့ လုပ်ဆောင်ချက်တွေကို အိမ်မှာလည်း ဆောင်ရွက်ထားရပါတယ်။ မီယာက အိမ်ပြန်ရောက်တာနဲ့ အဝတ်တွေချွတ်ပြီး ရေချိုးခန်းဆီ တန်းသွားရပါတယ်။ သူ့မိသားစုကို မတွေ့ခင်မှာ အဲဒါတွေကို လုပ်ဆောင်ရတာဖြစ်ပါတယ်။

မီယာက ပြည်သူတွေကို ဆက်ပြီးကူညီပေးချင်တဲ့အတွက် အလုပ်ခွင်ကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ “ကျွန်မရဲ့အလုပ်နဲ့ပတ်သက်ပြီး အကြိုက်ဆုံးအပိုင်းက လူတွေကို ကူညီပေးနေတာကို သိရတာပါပဲ။ ဒါကြောင့် ဒီအလုပ်ကို ပြန်လုပ်တယ်။ ဒါက ကျွန်မရဲ့အလုပ်ပါပဲ”လို့ မီယာက ဆိုပါတယ်။ MTA အများပြည်သူသုံးဘတ်စ်ကားလိုင်းက COVID-19 ကြောင့် ဝန်ထမ်း (၁၃၀) ကျော်ကို ဆုံးရှုံးခဲ့ရပါတယ်။

Ref: Veteran bus driver happy to be working again after beating the coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top