Viber က လူဦးရေအယောက် ၂၀ အထိအဖွဲ့လိုက် ဗွီဒီယိုဖုန်းခေါ်ဆိုခြင်း လုပ်ဆောင်ချက်ကို မိတ်ဆက်

Viber-Group-Video-Call.jpg

Rakuten Viber က လူဦးရေအယောက် (၂၀) အထိ အချိန်အကန့်အသတ်မရှိ ခေါ်ဆိုနိုင်တဲ့ အဖွဲ့လိုက်ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုဖြင်းလုပ်ဆောင်ချက်အသစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။ Viber အဖွဲ့လိုက် ဖုန်းခေါ်ဆိုခြင်း လုပ်ဆောင်ချက်ရဲ့ ကြီးမားသော အောင်မြင်မှုကို အခြေခံပြီး မြင့်တက်လာသည့် လူအများရဲ့ လိုအပ်ချက်ဖြစ်သော မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများ ပြုလုပ်ပြောဆိုနိုင်ခြင်းအလားတူ ဗွီဒီယိုဖြင့်ဖုန်းခေါ်ဆိုခြင်း လုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

နေ့စဉ်လူနေမှုဘဝတွင် ခပ်ခွာခွာနေရခြင်းကြောင့် လူထုတစ်ရပ်လုံးမှ သမားရိုးကျတွေ့ဆုံခြင်းအစား အွန်လိုင်းမှ တွေ့ဆုံခြင်းကို အစားထိုးပြုလုပ်လာကြပြီး အဲဒါက လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက အဆင်ပြေလွယ်ကူကြောင်းလည်း သတိပြုမိလာကြပါတယ်။ စားဖိုမှုးများ ဟင်းချက်သင်တန်းပေးတာကအစ ယောဂနည်းပြများ အသက်ရှူလေ့ကျင့်ခန်း သင်ကြားပေးသည်အထိ အဖွဲ့လိုက်သင်ကြားမှုများ ပြုလုပ်နိုင်ရန်အတွက် လုံခြုံထိရောက်သော အွန်လိုင်း ပလက်ဖောင်းတစ်ခုရှိရန် လိုအပ်ပါတယ်။

Viber ရဲ့ အဖွဲ့လိုက် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်းများကို Viber အက်ပလီကေးရှင်းမှ အလွယ်တကူရယူနိုင်ပြီး မိုဘိုင်းဖုန်းမှဖြစ်စေ၊ ကွန်ပျူတာမှ ဖြစ်စေ ပြုလုပ်နိုင်သည့် မိမိရဲ့မိုဘိုင်းဖုန်း (သို့) ကွန်ပျူတာရဲ့မျက်နှာပြင်ကို အခြားတစ်ဖက်သို့ မျှဝေခြင်း (screen sharing) နှင့် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်းများက အလုပ်လုပ်ရာမှာ အထောက်အပံ့ပြုပေးနိုင်ပါတယ်။ Viber မှာ အဖွဲ့လိုက် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်းနှင့် အဖွဲ့လိုက် ဖုန်းခေါ်ဆိုခြင်းတိုက အခြေအနေအသစ်ကို နေသားကျသွားတဲ့အချိန်မှာ မျက်နှာချင်းဆိုင် ဆက်သွယ်ပြောဆိုနိုင်သည့် နည်းလမ်းအသစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

အဖွဲ့လိုက်ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်း စတင်ပြုလုပ်ရန်မှာ လွယ်ကူပါတယယ်။ ဖုန်းမျက်နှာပြင်ထိပ်ရှိ အသစ်ထည့်သွင်းထားသည့် “ဗွီဒီယို” ဆိုတဲ့ ခလုတ်ကိုနှိပ်ကာ ခေါ်ဆိုနိုင်ပြီး လက်ရှိခေါ်ဆိုမှုအတွင်းသို့ လူအများကိုလည်း လွယ်ကူစွာ ထပ်မံထည့်သွင်းသွားနိုင်မှာဖြစ်ပါတယ်။

အဖွဲ့လိုက် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်းက ပြောကြားနေသူရဲ့ ဗွီဒီယိုကိုပါဝင်သူများအားလုံးထံသို့ ပြသပေးသွားမှာဖြစ်ပါတယ်။ အသုံးပြုသူများက ခေါ်ဆိုနေချိန်အတွင်း ဗွီဒီယို ဖုန်းခေါ်ဆိုမှုအတွင်းပါဝင်သူ မည်သူရဲ့ ဗွီဒီယိုကိုမဆို ကြည့်ရှုရန်အတွက် လျှို့ဝှက်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူများက အသံပိတ်ထားခြင်း၊ ဗွီဒီယို ပိတ်ထားခြင်းတို့ကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပြီး အခြားပါဝင်သူများမှ အသံပိတ်ထားလျှင် သို့မဟုတ် ဗွီဒီယို ပိတ်ထားလျှင်လည်း သိရှိနိုင်မှာဖြစ်ပါတယ်။

နေ့စဉ်လူနေမှုဘဝတွင် ခပ်ခွာခွာနေရခြင်းက ကျွန်ုပ်တို့ကို ဝေးကွာသွားစေမှာမဟုတ်ပါဘူး။ ကျန်းမာလုံခြုံစွာနေထိုင်ကြရင်း Viber က တစ်ဆင့် လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများ၊ မိသားစုများနှင့် မျက်နှာချင်းဆိုင်ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top