dog.jpg

ဂီလာန ဒုက္ခိတ ခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ Better Life Dog Shelter

ဒီတစ်ပတ်တော့ ဂီလာနဒုတိက္ခတခွေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ Better Life Dog Shelter အကြောင်း ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Camera & Edit – Cherry

Story-31-2-1.jpg

(၃) လကျော်ပိတ်လှောင်ခံခဲ့ရတဲ့ အသက် (၁၉)နှစ် မိန်းကလေးတစ်ဦး

HIV ရောဂါပိုးရှိတဲ့အတွက် ခွဲခြားဆက်ဆံခံရပြီး (၃) လကျော် ပိတ်လှောင်ခံခဲ့ရတဲ့ အသက် (၁၉) နှစ်အရွယ် မိန်းကလေးတစ်ဦးအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ Cherry Team (ရိုးရာလေး)

Mei-Mei-2.jpg

မူးယစ်ကျေးကျွန်ဘဝကနေ လွတ်မြောက်အောင်ရုန်းထွက်နိုင်ခဲ့သူ

မီးမီးသုခက သရုပ်ဆောင်လောကမှာ နေရာတစ်ခုနဲ့ရပ်တည်နိုင်ခဲ့ပေမဲ့ မမျှော်လင့်ဘဲ မူးယစ်ဆေးရဲ့သားကောင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ မူးယစ်ကျေးကျွန်ဘဝက လွတ်မြောက်နိုင်ခဲ့ပြီးဖြစ်သလို သူမြတ်နိုးတန်ဖိုးထားခဲ့ဖူးတဲ့ သရုပ်ဆောင်ဘဝကိုလည်း အပြီးအပိုင်စွန့်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ Team (ရိုးရာလေး)

ကိုယ်အင်္ဂါမသန်စွမ်းပေမဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဘဝခရီးဆက်နေသူ

တခြားသူတွေအမြင်မှာတော့ ကိုသန်းစိုးက ကိုယ်အင်္ဂါမပြည့်စုံသူတစ်ယောက်ဖြစ်နေပေမဲ့ သူ့မိသားစုအတွက်တော့ သူက သူရဲကောင်းတစ်ဦးပါပဲ။

ပန်းတွေပျိုးတဲ့ လက်တစ်စုံ

ဆန္ဒနဲ့ ဘဝဆိုတာ ထပ်တူကြဖို့ မလွယ်ကူလှပါဘူး။ အဲဒီအရာနှစ်ခု ထပ်တူမကျခဲ့ပေမဲ့ မလျော့တဲ့ ဇွဲလုံ့လ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ၁၇ နှစ်ကျော်ကြာတဲ့တိုင်အောင် အင်္ဂလိပ်ဆရာမတစ်ဦးအဖြစ် ရပ်တည်နေနိုင်နေသူကတော့ တီချယ်လီလီဖြစ်ပါတယ်။ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲမှာ မိမိဝါသနာ ရည်မှန်းချက်ပန်းတိုင်နဲ့ အလှမ်းဝေးခဲ့ပေမဲ့ ခိုင်​မာတဲ့ဆုံးဖြတ်ချက်တွေနဲ့သူကိုယ်တိုင်…

အသက် ၅၀ ကျော်အရွယ် ယာဉ်နောက်လိုက် အမျိုးသမီးကြီးရဲ့ နေ့စဉ်ဘဝ

အသက် ၅၀ ကျော်ရှိပြီဖြစ်တဲ့ ဒေါ်ခင်နန်းနွယ်က အငြိမ်းစားသူနာပြုဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ မော်တော်ယာဉ်လုပ်ငန်းဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတာဖြစ်ပါတယ်။ အလင်းရောင်မဖြာသေးတဲ့ နံနက်လေးနာရီမတိုင်ခင်တည်းက သူမရဲ့တစ်နေ့တာစိန်ခေါ်မှုကို စတင်လို့နေပါပြီ။ တခြားသောအမျိုးသားများနဲ့တန်းတူရင်ဘောင်တန်းပြီး သူမရဲ့တစ်နေ့တာကို ဖြတ်သန်းလှုပ်ရှားနေတာပဲဖြစ်ပါတယ်။

LGBT ကိုယ်စားလှယ်တစ်ဦးဖြစ်ချင်သူ

လူကြီး၊ လူငယ်၊ ကျား၊ မ ဆိုတာ အသက်အရွယ်၊ လိင်အင်္ဂါကွာခြားမှုတစ်ခုသာဖြစ်ပြီး လူတစ်ဦးတစ်ယောက်ရဲ့ စွမ်းရည်ကို အဲဒီအရာတွေနဲ့တိုင်းတာလို့မရဘဲ လုပ်ဆောင်ချက်စွမ်းရည်နဲ့သာ တိုင်းတာနိုင်တယ်ဆိုတာ ကိုအောင်သန့်တစ်ဖြစ်လဲ မရှင်းသန့်ဘဝက ဖော်ပြနေပါတယ်။

မျှော်လင့်ချက်မဲ့စွာနဲ့ ဘဝကို ဖြတ်သန်းနေရသူ

ဆင်းရဲချမ်းသာ လူ့သဘာဝ လို့ဆိုပေမဲ့ ဒေါ်မြင့်မြင့်ခိုင် (ခ) အပျိုကြီးမခိုင်ရဲ့ဘဝမှာတော့ ချမ်းသာခြင်းသုခဆိုတာကို မတွေ့ရှိခဲ့ဖူးပါဘူး။ သမုဒ္ဒရာဝမ်းတစ်ထွာဆိုပေမဲ့ အပျိုကြီးမခိုင်ရဲ့ ဝမ်းတစ်ထွာအတွက်ကတော့ သာမန်ထက် ပိုခက်ခဲနေရပြီး တစ်ခါတစ်ရံမှာ ထမင်းတစ်နပ် မုန့်တစ်ချပ်နဲ့သာ ဝမ်းရေး ဖြေရှင်းခဲ့ရပါတယ်။

အမြင်အာရုံမသန်စွမ်းပေမယ့် ကွန်ပျူတာနဲ့ ဖုန်းပြုပြင်ရေးဆိုင်ဖွင့်န်ိုင်ခဲ့သူ

အမြင်အာရုံမသန်စွမ်းပေမဲ့ ကွန်ပျူတာနဲ့ဖုန်းပြုပြင်ရေးဆိုင်ဖွင့်န်ိုင်ခဲ့သူ ကိုခင်မောင်သန်း (ခ) ကိုပိုင်ဟိန်းထွန်းက မွေးရာပါ အမြင်အာရုံမသန်စွမ်းသူဖြစ်ပေမဲ့ ဘဝကို အရှုံးမပေးဘဲ ကြိုးစားလာခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းကစလို့ ကွန်ပျူတာနဲ့ဖုန်းပြုပြင်ဆိုင်လေးကို ဖွင့်နိုင်ခဲ့တာပါ။

အသက်ရှင်သမျှကာလပတ်လုံး အပြေးပြိုင်ပွဲတိုင်းကို ဝင်ပြိုင်သွားမှာပါ

ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှ မွေးဖွားလာခဲ့တဲ့ ဦးစောစောမောင်မောင်ထွေးက အခုဆို အသက် ၇၅ နှစ်ရှိပြီဖြစ်ပါတယ်။ သူက ၁၉၄၈-၄၉ ခုနှစ် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။