အသက်ရှင်သမျှကာလပတ်လုံး အပြေးပြိုင်ပွဲတိုင်းကို ဝင်ပြိုင်သွားမှာပါ

ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှ မွေးဖွားလာခဲ့တဲ့ ဦးစောစောမောင်မောင်ထွေးက အခုဆို အသက် ၇၅ နှစ်ရှိပြီဖြစ်ပါတယ်။ သူက ၁၉၄၈-၄၉ ခုနှစ် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ အပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။

၁၉၅၂ ခုနှစ်က မေမြို့ရှိ စိန့်အဲလ်ဘတ် (ST.ALBERT) ကျောင်းတွင်ကျင်းပတဲ့ တာလတ် ၊ တာဝေး အပြေးပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုများရရှိခဲ့ပါတယ်။

၁၉၆၄ ခုနှစ်က မီတာ ၄၀၀၊ ၈၀၀၊ ၁၅၀၀၊ ၅၀၀၀၊ ၁၀,၀၀၀ တာဝေး၊ တာလတ်ပြေးပွဲတွေ အားလုံးမှာ အနိုင်ရရှိခဲ့တာကြောင့် ရန်ကုန်စက်မှုတက္ကသိုလ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။

စက်မှုအင်ဂျင်နီယာအဖြစ်ထမ်းဆောင်ခဲ့တဲ့ အစိုးရဝန်ထမ်းတာဝန်ကနေ အငြိမ်းစားယူပြီးနောက်ပိုင်း အသက် ၆၅ နှစ်မှာ ၂၅ ကိုက်ပဲဝေးတဲ့ ဓာတ်တိုင်တစ်တိုင်စာကိုတောင် မပြေးနိုင်တော့ပေမဲ့ နားရက်မရှိ ပြန်လည်လေ့ကျင့်မှုတွေကြောင့် အခုဆို အရင်လိုပဲ မိုင် ၂၆ မိုင်ကို သူက အေးအေးဆေးဆေး ပြန်ပြေးနိုင်နေပါပြီ။ “အခုမာရသွန်ကျရင်လည်း ဝင်ရောက်ယှဉ်ပြိုင်ဦးမှာပါ။

အသက်ရှင်နေသမျှကာလပတ်လုံး အပြေးပြိုင်ပွဲတိုင်းကို ဝင်ပြိုင်သွားမှာပါ” လို့လည်း သူကပြောပြခဲ့ပါတယ်။

Cherry
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top