သင်ထောက်ကူပစ္စည်းတွေလိုအပ်နေတဲ့ ကျောင်းပြင်ပမူလတန်းပညာရေးကျောင်း
ကျောင်းပြင်ပ မူလတန်းပညာရေးကျောင်းစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့တာက (၁၀) နှစ် ကျော်ကြာမြင့်ခဲ့ပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသေးတဲ့သူ၊ ကျောင်းနေခဲ့ပေမဲ့လည်း မူလတန်းပညာမပြီးဆုံးမီ ကျောင်းထွက်စောခဲ့သူ၊ အသက် (၁၀-၁၄) နှစ် ကလေးတွေကို ဒုတိယအကြိမ်ပညာသင်ယူမှုအခွင့်အလမ်းထပ်မံဖြည့်ဆည်းပေးဖို့နဲ့ အဲဒီကလေးတွေကို အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းအဆင့်ကို ဆက်လက်သင်ယူခွင့်ရရှိစေအောင်ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။