ငွေစက္ကူအတုကို အတုမှန်းမသိပဲ သုံးမိရင် အပြစ်မရှိပါဘူး

စင်္ကာပူကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့အိမ်အကူမိန်းကလေးထံက ကျပ်တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၃၀ ခန့်သိမ်းဆည်းရမိခဲ့ပြီးနောက်ပိုင်းမှာ မြန်မာပြည်သူလူထုကြား ကျပ်တစ်သောင်းတန်အတုပြဿနာက အတော်လေးကို ရိုက်ခတ်မှုပြင်းထန်နေပါတယ်။ တစ်သောင်းတန်ငွေစက္ကူအတုပြဿနာနဲ့ပတ်သတ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ရိုးရာလေးမီဒီယာက အခုလိုမေးမြန်းထားပါတယ်။

အိမ်ယာမဲ့ကလေးငယ်တွေအတွက် ကျင်းပပေးတဲ့ ပျော်ပွဲရွှင်ပွဲ

အိမ်ယာမဲ့ကလေးငယ်တွေနဲ့ ကလေးလုပ်သားတွေအတွက် ကျင်းပပြုလုပ်တဲ့ “လမ်းကလေးငယ်များအပြေးပြိုင်ပွဲ” ကို ရန်ကုန်တိုင်းမြို့၊ ကျိုက္ကဆံအားကစားကွင်း (အားကစားနှင့် ကာယပညာသိပ္ပံ) မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ အပြေး၊ သံလုံးပစ်၊ အလျားခုန်၊ လက်ဆင့်ကမ်း စတဲ့…

ပန်းတွေပျိုးတဲ့ လက်တစ်စုံ

ဆန္ဒနဲ့ ဘဝဆိုတာ ထပ်တူကြဖို့ မလွယ်ကူလှပါဘူး။ အဲဒီအရာနှစ်ခု ထပ်တူမကျခဲ့ပေမဲ့ မလျော့တဲ့ ဇွဲလုံ့လ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ၁၇ နှစ်ကျော်ကြာတဲ့တိုင်အောင် အင်္ဂလိပ်ဆရာမတစ်ဦးအဖြစ် ရပ်တည်နေနိုင်နေသူကတော့ တီချယ်လီလီဖြစ်ပါတယ်။ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲမှာ မိမိဝါသနာ ရည်မှန်းချက်ပန်းတိုင်နဲ့ အလှမ်းဝေးခဲ့ပေမဲ့ ခိုင်​မာတဲ့ဆုံးဖြတ်ချက်တွေနဲ့သူကိုယ်တိုင်…

စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုခြင်းပြပွဲကို ဝန်ကြီးများရုံးတွင် ပြသလျက်ရှိ

မြန်မာနိုင်ငံမှာ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင်အသုံးချတဲ့လှုပ်ရှားမှု ပိုမိုအားကောင်းလာစေဖို့ရည်ရွယ်တဲ့ အမှိုက်ကစ ရွှေဖြစ် “Pure Gold” ပြပွဲကို ရန်ကုန်မြို့သိမ်ဖြူလမ်းမပေါ်ရှိ ဝန်ကြီးများရုံးမှာ ပြသလျက်ရှိပါတယ်။ ဒီပြပွဲကို ဒီဇင်ဘာ ၁၅ ရက်ကနေ ဇန်နဝါရီလ ၆ ရက်နေ့အထိ မနက်…

၁၆ရက်နေ့စိန်ခေါ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောတဲ့ ချန်ပီယံဟောင်း ထွန်းထွန်းမင်း

ဆယ်စုနှစ်အတွင်း မြန်မာ့လက်ဝှေ့လောကရဲ့ အပြင်းထန်ဆုံးနဲ့အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တဲ့ မြန်မာပြည်ချန်ပီယံလုပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာပါ။ အဲဒီပွဲစဉ်မှာ မြန်မာပြည်ချန်ပီယံဟောင်း ထွန်းထွန်းမင်းက လက်ရှိချန်ပီယံ ဒေဗ့် (ဒေဝ) ကို စိန်ခေါ်ထိုးသတ်သွားမှာဖြစ်ပါတယ်။

ASUS ရဲ့ နောက်ဆုံးထွက် ROG Gaming Phone၊ Zenfone Max M2

ASUS ရဲ့ နောက်ဆုံးထွက် ROG Gaming Phone၊ Zenfone Max M2 နဲ့ Zenfone Max Pro M2 ဖုန်းမော်ဒယ်အသစ်တွေကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီနေ့ (ဒီဇင်ဘာ (၁၁)…

ရပ်ကွက်ဈေးအတွင်းက ငွေတိုးနှုန်းပြဿနာ

စားဝတ်နေရေးဆိုတာ လူသားတိုင်းအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သလို ရှောင်လွှဲလို့မရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အဲဒီအရာအတွက် ရင်ဆိုင်ဖြေရှင်းကြရပုံတွေကလည်း ဘဝဇာတ်ခုံမှာ မျိုးစုံလှပါတယ်။ တချို့ကတော့ ဈေးရောင်းချတဲ့လုပ်ငန်းနဲ့ အဓိကအသက်မွေးဝမ်းကြောင်းပြုနေကြသူတွေပါ။

ယခင်အခြေအနေကို ပြန်ရောက်လုနီးပါးဖြစ်နေတဲ့ နောက်ဖေးလမ်းကြားစီမံချက်

နောက်ဖေးလမ်းကြားပန်းဥယျာဉ်စီမံချက်ကို NLD အစိုးရလက်ထပ်မှာ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ ဒီစီမံချက်ကြောင့်ပဲ အရင်က ရှုပ်ပွ ညစ်ပတ်နေတဲ့ နောက်ဖေးလမ်းကြားတွေဟာ အများပြည်သူလာရောက်လည်ပတ် အပန်းဖြေချင်စရာနေရာတွေ ဖြစ်လာခဲ့ပါတယ်။

အသက် ၅၀ ကျော်အရွယ် ယာဉ်နောက်လိုက် အမျိုးသမီးကြီးရဲ့ နေ့စဉ်ဘဝ

အသက် ၅၀ ကျော်ရှိပြီဖြစ်တဲ့ ဒေါ်ခင်နန်းနွယ်က အငြိမ်းစားသူနာပြုဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ မော်တော်ယာဉ်လုပ်ငန်းဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတာဖြစ်ပါတယ်။ အလင်းရောင်မဖြာသေးတဲ့ နံနက်လေးနာရီမတိုင်ခင်တည်းက သူမရဲ့တစ်နေ့တာစိန်ခေါ်မှုကို စတင်လို့နေပါပြီ။ တခြားသောအမျိုးသားများနဲ့တန်းတူရင်ဘောင်တန်းပြီး သူမရဲ့တစ်နေ့တာကို ဖြတ်သန်းလှုပ်ရှားနေတာပဲဖြစ်ပါတယ်။

ထမ်းစမ်းရွှေတိဂုံပုံတူစေတီတော်ကြီးနဲ့ သဘာဝစိမ့်ရေထွက်ပေါက်သို့ အလည်တစ်ခေါက်

ထမ်းစမ်းရွှေတိဂုံပုံတူစေတီတော်ကြီးဟာ ဥာဏ်တော်အမြင့်ပေ ၁၀၈ တောင်ရှိပြီး အရံစေတီတော် ၆၄ ဆူရှိပါတယ်။ စေတီတော်အနီးမှာတော့ မေတ္တာခမ်းတန် ဓမ္မဗိမာန်တော်ကြီးတည်ရှိပါနေတယ်။ အဲဒီဗိမာန်တော်ကြီးရဲ့ နေရာအတော်တော်များများကို ကျွန်းသားတွေနဲ့တည်ဆောက်ထားပြီး အချို့သော ကျွန်းတိုင်တွေက လူတစ်ဖက်စာလောက်ရှိတာပါ။