ဆေးလိပ်ကင်းစင်ရေးအတွက် ပထမဆုံး မြို့နယ်အလိုက်လှုပ်ရှားမှု

ရန်ကုန်တိုင်းဒေသကြီးအတွင်း “ဆေးလိပ်ကင်းစင်ကျောက်တံတားမြို့နယ်တစ်ခွင်” လူထုလှုံ့ဆော်လှုပ်ရှားမှုပွဲကို ဇန်နဝါရီလ ၆ ရက်နေ့က မဟာဗန္ဓုလပန်းခြံမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲက ဆေးလိပ်ကင်းစင်ရေးအတွက် မြို့နယ်အလိုက် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ လူထုလှုံ့ဆော်လှုပ်ရှားမှုပွဲတစ်ခုပါ။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဥပဒေမှာ ရထားဂိတ်၊ ကားဂိတ်၊ အများပြည်သူသွားလာမှုများတဲ့ နေရာ ၁၄ နေရာမှာ ဆေးလိပ်မသောက်ဖို့ တားမြစ်ထားပါတယ်။

ဆေးလိပ်သောက်သူတွေ၊ ကွမ်းစားသုံးသူတွေအနေနဲ့ ခံတွင်းကင်ဆာ၊ အဆုတ်ပွရောဂါ၊ ပြင်းထန်သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်ခြင်းနဲ့ ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ခြင်းတွေအပြင် ခြေပုပ် လက်ပုပ် စတဲ့ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှစ်စဉ် လူပေါင်း (၆၅၆၅၀) ဦး သေဆုံးနေရပြီး ဒီပမာဏဟာ စုစုပေါင်း လူသေဆုံးမှုရဲ့၁၇.၆ ရာခိုင်နှုန်းလောက် ရှိနေတာလည်း ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top