သံတိုသံစရှာရင်း ဟောင်းလောင်းပေါက် ကွန်ကရစ်တိုင်ထဲ ပြုတ်ကျသွားတဲ့ ကလေး သေဆုံးပြီလို့ အတည်ပြု

4-1-2023-yyl-42.jpg

သံတိုသံစ လိုက်ရှာရင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက ဟောင်းလောင်းပေါက် ကွန်ကရစ်တိုင်ထဲ ပြုတ်ကျသွားတဲ့ ဗီယက်နမ်ကလေးငယ် သေဆုံးသွားပြီလို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ ဟောင်နမ်လို့ အမည်ရတဲ့ ၁၀ နှစ်အရွယ် ကလေးငယ်ဟာ နှစ်သစ်ကူးအကြိုနေ့က အဝ ၁၀ လက်မကျယ်တဲ့ ကွန်ကရစ်တိုင်ထဲ ပြုတ်ကျသွားခဲ့တာပါ။
ကွန်ကရစ်တိုင်ထဲ ပြုတ်ကျသွားချိန်မှာ အော်ဟစ်ငိုယိုပြီး အကူအညီတောင်းတဲ့အသံ ကြားရပေမဲ့ ကင်မရာကို အောက်နှိမ့်ချပြီး ကြည့်ချိန်မှာ တုံ့ပြန်လှုပ်ရှားမှု တစ်စုံတရာ တွေ့ရခြင်း မရှိဘူးလို့ ကယ်ဆယ်ရေးသမားတွေက ဆိုပါတယ်။

ကယ်ဆယ်ရေးသမားတွေက ရွံ့ဗွက်နဲ့ ရေတွေကို စုပ်ထုတ်ပြီး ဟောင်နမ် အသက်ရှူနိုင်အောင် လေသွင်းပေးဖို့ ကြိုးစားခဲ့ကြတာပါ။ ဟောင်နမ်ဟာ ပြုတ်ကျသွားချိန်မှာ ဒဏ်ရာရရှိခဲ့သလို အသက်ရှင်ဖို့ လုံလောက်တဲ့ အောက်ဆီဂျင်လည်း မရခဲ့ဘူးလို့ သူတို့က ပြောပါတယ်။ အခုချိန်မှာတော့ အာဏာပိုင်တွေက ဟောင်နမ်ရဲ့ ဈာပန ပြုလုပ်ပေးဖို့ သူ့ရဲ့ရုပ်အလောင်းကို ဆယ်ယူနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

Ref: Vietnamese boy trapped in pillar confirmed dead

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply