ဗီယက်နမ် မှန်တံတားက ကမ္ဘာ့အရှည်ဆုံးမှန်တံတားအဖြစ် ဂင်းနက်စ်စံချိန်တင်

30-5-2022-yyl-15.jpg

ဗီယက်နမ်နိုင်ငံမှာ ဖွင့်လှစ်ခဲ့တဲ့ မှန်တံတားကတော့ ကမ္ဘာ့အရှည်ဆုံး မှန်တံတားအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ အရင်က ကမ္ဘာ့အရှည်ဆုံး မှန်ကြမ်းခင်းတံတားဟာ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်မှာရှိပြီး ၁၇၂၆ ပေ ရှည်လျားပါတယ်။

ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်း ဆောင်လပြည်နယ်မှာရှိတဲ့ Bach Long မှန်ကြမ်းခင်းတံတားကို ပြီးခဲ့တဲ့ဧပြီလက တရားဝင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အလျား ၂၀၇၃ ပေ ရှည်လျားပါတယ်။

တောင် ၂ လုံးကို ဆက်သွယ်ထားပြီး မြေပြင်အထက် ၄၉၂ ပေအမြင့်မှာ တည်ဆောက်ထားတဲ့ ကြိုးတံတားအမျိုးအစားပါ။ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း အာဏာပိုင်တွေနဲ့ ပြင်သစ်ဆောက်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

တစ်ကြိမ်ကို လူ ၄၅၀ အထိ ဖြတ်သန်းလမ်းလျှောက်နိုင်စွမ်းရှိပြီး မကြာသေးခင်က SUV ကားတစ်စီးကို ဖြတ်သန်းမောင်းနှင်စေပြီး တံတားရဲ့ခံနိုင်ဝန်ကို စမ်းသပ်ခဲ့ဖူးပါတယ်။ ဒါဟာ ဗီယက်နမ်နိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ တတိယမြောက် မှန်တံတား ဖြစ်ပါတယ်။

Ref: CNN ” Vietnam’s new glass bridge sets Guinness World Record”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply