ထိုင်ခုံခါးပတ် မပတ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒဏ်ငွေ ပေါင် ၁၀၀ ချမှတ်ခံရ

23-1-2023-yyl-173.jpg

ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီဆူနက်က ကားနောက်ခန်းမှာ လိုက်ပါနေတုန်း ဗီဒီယိုတစ်ခုရိုက်ပြီး အင်စတာဂရမ်ပေါ် တင်တယ်။ ဒီဗီဒီယိုထဲမှာ သူက ထိုင်ခုံခါးပတ် ပတ်မထားဘူး။ ဗီဒီယိုရိုက်နေချိန် ဆူနက်က လန်ကက်ရှိုင်းယားမှာ ရောက်နေတာပါ။ ဒါကြောင့် လန်ကက်ရှိုင်းယားရဲတပ်ဖွဲ့က သူ့ကို ဒဏ်ငွေ ပေါင် ၁၀၀ ပေးဆောင်ဖို့ ချမှတ်ခဲ့တယ်။ ဒီအမှုက တရားရုံးအထိ ရောက်သွားရင် ဒဏ်ငွေ ပေါင် ၅၀၀ အထိတောင် ချမှတ်လို့ ရတယ်။

ဆူနက်က ထိုင်ခုံခါးပတ် မပတ်မိတဲ့ သူ့အမှားအတွက် တောင်းပန်ပြီး ဒဏ်ငွေကိုလည်း ပေးဆောင်သွားမယ်လို့ ဒေါင်းနင်းလမ်းနေအိမ်က ထုတ်ပြန်ခဲ့တယ်။ ဗြိတိန်နိုင်ငံရဲ့ ဥပဒေအရ ၂၈ ရက်အတွင်း ဒဏ်ငွေပေးဆောင်တာ (ဒါမှမဟုတ်) တရားရုံးမှာ ထုချေတာလုပ်ဖို့ လိုအပ်ပါတယ်။

Ref: Rishi Sunak fined for not wearing seatbelt in back of car

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top