တစ်ခေတ်တစ်ခါက သိုင်းလောကမုန်တိုင်း (Wind and Cloud) တရုတ်သိုင်းကားနဲ့ နယ်ဖုန်းလို မြန်မာပရိသတ်တွေသိကြတဲ့ မင်းသားကြီး ဗင်ဆင့်ကျောင်က အသက် ၅၄ နှစ်ရှိပါပြီ။ မကြာသေးခင်ကမှ သူဟာ သူ့သမီးအကြီး အသက် ၁၇ နှစ်အရွယ် ကျောင်ကျီရန် (ရိုဆီတာ)နဲ့အတူ တရုတ်ဖက်ရှင်အမှတ်တံဆိပ် ZHANGSHUAI ရဲ့ ဖက်ရှင်ရှိုးရဲ့စင်မြင့်ထက်မှာ မြင်တွေ့ခဲ့ရပါတယ်။

သားအဖနှစ်ယောက်ရဲ့ဒီအမှတ်တရကို သူက Weibo အကောင့်ကနေ မျှဝေပေးခဲ့တာပါ။ “ကျွန်တော့်ဘဝရဲ့ပထမဆုံးရှိးလျှောက်လှမ်းမှုပါပဲ။ ကျွန်တော့်ရဲ့သမီးအကြီးနဲ့အတူပါ။ ကျွန်တော် အရမ်းပီတိဖြစ်ရပါတယ်” လို ရေးသားထားပါတယ်။
ရိုဆီတာက အခုရှိုးပွဲအတွက် ပြင်ဆင်ဖို ၁ လကျော်လောက်ကတည်းက ရှိုးလျှောက်တာကို လေ့ကျင့်ခဲ့ရတာပါ။ စင်ပေါ်မတက်ခင် အရမ်းစိတ်လှုပ်ရှားခဲ့ရပေမဲ့ သူ့အဖေနဲ့ရှိနေပေးတာက သူ့ကို သတ္တိတွေရှိစေခဲ့တယ်လို သူက ဆိုထားပါတယ်။

ရိုဆီတာဟာ အရမ်းချောမောပြီး ချစ်စရာကောင်းတာကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ကို တကယ့်အနုပညာရှင်တစ်ယောက်လို ထင်မှတ်ခဲ့ကြပါတယ်။ သူက အဖေနဲ့အမေဆီက အလှတရားတွေ ရရှိပိုင်ဆိုင်ထားပုံရပါတယ်။ လက်ရှိမှာတော့ သူက ဆွစ်ဇလန်က Institut Le Rosey မှာ ပညာသင်ကြားနေပါတယ်။ တစ်နှစ်ကို စင်ကာပူဒေါ်လာ ၁၅၉၀၀၀ ဝန်းကျင်ပေးရပြီး ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးကျောင်းတွေထဲက တစ်ကျောင်းလည်းဖြစ်ပါတယ်။ သူ့ရဲ့မောင်လေးကျီလုံကလည်း ဆွစ်ဇလန်မှာပဲ ပညာသင်ယူနေတယ်လို သိရပါတယ်။
Ref: Vincent Zhao Walks Runway With 17-Year-Old Daughter, And People Mistook Her For An Actual Celeb
WL (ရိုးရာလေး)

