အသက် ၄၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မင်းသားဝီလျံရဲ့ရုပ်ပုံနဲ့ ဒင်္ဂါးပြားအသစ်ထုတ်လုပ်

24-5-2022-yyl-02.jpg

မင်းသားဝီလျံရဲ့ရုပ်ပုံကို နောက်လကျရောက်မယ့် မင်းသားရဲ့အသက် ၄၀ ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒင်္ဂါးပြားပေါ်မှာ ထည့်သွင်းထားပါတယ်။ (၅) ပေါင် တန် ဒင်္ဂါးပြားဖြစ်ပြီး ဒင်္ဂါးပြားတစ်ဖက်မှာ မင်းသားဝီလျံရဲ့ရုပ်ပုံဖြစ်ကာ အခြားတစ်ဖက်မှာက အယ်လီဇဘက်ဘုရင်မကြီးရဲ့ရုပ်ပုံဖြစ်ပါတယ်။

ဒီဒင်္ဂါးပြားကို The Royal Mint ကုမ္ပဏီက ထုတ်လုပ်ခဲ့ပြီး သောမတ်စ် ဒိုချာတီက ဒင်္ဂါပြားဒီဇိုင်းကို ဖန်တီးခဲ့တာပါ။ မင်းသားဝီလျံရဲ့နာမည်အစစာလုံး W နဲ့ အသက်ကို ကိုယ်စားပြုတဲ့ နံပါတ် ၄၀ တို့ကို ဒင်္ဂါးပြားမှာ ဖော်ပြထားပါတယ်။ ဒင်္ဂါးပြားအစွန်းရဲ့ကမ္ပည်းစာမှာ ‘HRH The Duck of Cambridge” လို့ ပါရှိပါတယ်။

The Royal Mint ကုမ္ပဏီရဲ့ ထုတ်လုပ်မှုအသစ်မှာ ၀.၂၅ အောင်စရွှေဒင်္ဂါးပြားနဲ့ မင်းသားဝီလျံမွေးဖွားတဲ့နှစ်ဖြစ်တဲ့ ၁၉၈၂ ‌ရွှေဒင်္ဂါးပြားတို့ပါဝင်တဲ့ အကန့်အသတ်ထုတ် ဒင်္ဂါးတစ်စုံပါဝင်မှာဖြစ်ပါတယ်။ မင်းသားဝီလျံရဲ့ 3D ရုပ်ပုံကို လေဆာနည်းပညာနဲ့ ဒီဇိုင်းလုပ်ထားတဲ့ အထူးထုတ် ၅ အောင်စ ရွှေဒင်္ဂါးပြားလည်းပါဝင်မှာဖြစ်ပါတယ်။

Ref: Metro “Prince William appears on new £5 coin to mark his 40th birthday”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top