ကျောင်းဆရာမဘဝမှာ ၆၇ နှစ်တိုင်တိုင် ကျင်လည်ခဲ့တဲ့အပြင် သေတမ်းစာမှာ ပညာရေးအတွက် ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့သူ

20.5.24-yyl-5.jpg

ကျောင်းဆရာမကြီးတစ်ဦးဟာ ၆၇ နှစ်တိုင်တိုင် ပညာသင်ကြားပေးခဲ့ပြီးနောက် ကွယ်လွန်သွားချိန်မှာ ပညာရေးအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်တဲ့ လီလီယံအော်လစ်ချ်ဟာ ဝါရှင်တန်ဒီစီ အပြင်ဘက်မှာရှိတဲ့ အော့စ်ဘွန်းအထက်တန်းကျောင်း၊ အော့စ်ဘွန်းပါ့ခ်အထက်တန်းကျောင်းတွေမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူပါ။

ကျောင်းသား/သူအများစုက မစ္စအိုလို့ ချစ်စနိုးခေါ်ကြတဲ့ အော်လစ်ချ်ဟာ အသက် ၈၉ နှစ်အရွယ်မှာ ကျောင်းဆရာမအဖြစ်ကနေ အငြိမ်းစားယူခဲ့ပြီး မတ်လ ၇ ရက်နေ့က အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။ အော်လစ်ချ်က သူ့ရဲ့ သေတမ်းစာမှာ ပရင့်စ်ဝီလျံကောင်တီကျောင်းတွေအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပြီး သူ့ရဲ့ရက်ရောမှုက ကြားရသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

Ref:Virginia Teacher Retired After 67 Years And Just Left $1 Million to Her School ‘Family’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top