ဆေးရုံမီးလောင်ချိန်မှာ ကိုဗစ်လူနာတွေကို ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းဆရာဝန်

17-11-2020-yyl-023.jpg

ဆေးရုံမီးလောင်ချိန်မှာ ကိုဗစ်-၁၉ လူနာတွေကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့တဲ့ ရိုမေးနီးယားဆရာဝန် ကာတာလင်းဒန်ကျူကတော့ ခန္ဓာကိုယ် ၄၀ ရာခိုင်နှုန်းမှာ ဒုတိယနဲ့ တတိယအဆင့် လောင်ကျွမ်းဒဏ်ရာတွေ ရရှိခဲ့လို့ ဘယ်လ်ဂျီယံ စစ်ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ရိုမေးနီးယားနိုင်ငံ ပီယာထရာနမ့်မြို့ ပြည်သူ့ဆေးရုံရဲ့ ကိုဗစ်-၁၉ လူနာတွေကို ကုသပေးနေတဲ့ အထူးကြပ်မတ်ကုသခန်းမှာ မီးလောင်ကျွမ်းခဲ့ပါတယ်။

အောက်ဆီဂျင်အိုးကြောင့် မီးကူးစက်ပျံ့နှံ့မှု အားကောင်းခဲ့ပြီး အထူးကြပ်မတ်ကုသခန်းကနေ ဘေးချင်းကပ်အခန်းကိုပါ ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်နေချိန်မှာ ဒေါက်တာကာတာလင်းဒန်ကျူက လူနာတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့တာပါ။ သူ့ရဲ့ ပြောင်မြောက်တဲ့ ရဲစွမ်းသတ္တိ၊ စွန့်လွှတ်အနစ်နာခံပြီး လူနာတွေကို ကယ်တင်ပေးတဲ့လုပ်ရပ်တွေက သူရဲကောင်းပီသတယ်လို့ ရိုမေးနီးယားဝန်ကြီးချုပ် လူဒိုဗစ်အော်ဘန်းက ချီးကျူးခဲ့ပါတယ်။

ဆေးရုံမီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ သေဆုံးသူ ၁၀ ယောက်ထဲမှာ အသက် ၆၇ နှစ်ကနေ ၈၆ နှစ်ကြား အရွယ်ရှိတဲ့ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ပါပါတယ်။

Ref: BBC & Guardian

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top