မြန်မာငွေ သိန်း ၁၀၀ ဝန်းကျင်ကျသင့်မယ့်Vision Pro headset ကို Apple မိတ်ဆက်

6.6.2023-yyl-14.jpg

Apple က Vision Pro headset နဲ့ iOS 17 ကို မိတ်ဆက်လိုက်ပါပြီ။ Vision Pro headset က လက်တွေ့ကမ္ဘာနဲ့ ပုံယောင်ရိပ်ကမ္ဘာကို ကျနသေသပ်စွာ ပေါင်းစပ်ပေးပြီး ဒီဂျစ်တယ် content တွေကို ကိုယ့်ဘေးနားမှာ ဖြစ်ပျက်နေတဲ့အရာတွေလို တွေ့မြင်ခံစားရမယ်လို့ Apple CEO တင်ကွတ်ခ်က ဆိုပါတယ်။

ဒါပေမဲ့ ဘက်ထရီသက်တမ်း ၂ နာရီခံပြီး အမေရိကန်ဒေါ်လာ ၃၄၉၉ ကျသင့်မယ့် Vision Pro ဟာ ဈေးကွက်ထဲက virtual reality headset တွေနဲ့ယှဉ်ရင် တော်တော်လေး ဈေးများပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ Meta က မိတ်ဆက်ခဲ့တဲ့ Quest virtual reality headset ဆိုရင် ဒေါ်လာ ၄၉၉ ပဲ ကျသင့်တာပါ။

ပြီးခဲ့တဲ့နှစ် ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှုတွေအရ virtual reality headset ဈေးကွက်က ၅၄ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ International Data Corporation က ဖော်ပြပါတယ်။ Vision Pro headset ကို လာမယ့်နှစ်ကစပြီး အမေရိကန်နိုင်ငံမှာ စတင်ရောင်းချမှာဖြစ်ပေမဲ့ ဝယ်လိုအားမြင့်တက်လာဖို့ အချိန်တော်တော်ကြာ စောင့်ဆိုင်းရလိမ့်မယ်လို့ Forrester Research ရဲ့ သုတေသီ သောမတ်စ်ဟက်ဆန်က ဆိုပါတယ်။

နောက်ဆုံးပေါ် iPhone operating system ဖြစ်တဲ့ iOS 17 မှာတော့ ဖုန်းခေါ်တဲ့အခါ လူရုပ်ပုံပြပေးမယ့် contact poster၊ အသံမှတ်တမ်း ချန်ထားပေးနိုင်မယ့် live voicemail၊ အိမ်ပြန်ရောက်ခြင်း ရှိ၊ မရှိဆိုတာကို မိသားစုတွေ၊ မိတ်ဆွေတွေ သိအောင် အချက်ပြပေးနိုင်မယ့် Check-In အစရှိတဲ့ update တွေ ပါဝင်ပါတယ်။ iOS 17 ကိုတော့ ၂၀၂၃ ခုနှစ် ဆောင်းဦးကာလမှာ စတင်အသုံးပြုနိုင်မှာပါ။

Ref: Vision Pro: Apple’s new augmented reality headset unveiled

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top