စာအုပ်ရေးသားထုတ်ဝေနိုင်တဲ့ အသက်အငယ်ဆုံး စာရေးဆရာမအဖြစ် ၅ နှစ်သမီး ဂင်းနက်စ်စံချိန်တင်

17-6-2022-yyl05.jpg

အသက် ၅ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ မိန်းကလေးဟာ ပုံနှိပ်စာအုပ် ရေးသားထုတ်ဝေနိုင်တဲ့ အသက်အငယ်ဆုံး စာရေးဆရာမအဖြစ် ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့ပါတယ်။ The Lost Cat လို့ နာမည်ပေးထားတဲ့ သူ့စာအုပ်ဟာ အုပ်ရေ ၂၀၀၀ ကျော် ရောင်းချခဲ့ရပြီး Amazon မှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဘယ်လာက စာအုပ်ရေးမယ်လို့ ပြောတော့ သူ့အမေနဲ့ အဖေက ကလေးစကားဆိုပြီး ခပ်ပေါ့ပေါ့ သဘောထားခဲ့တာပါ။ ဒါပေမဲ့ စာအုပ်ပွဲတော်ကို သွားချိန်မှာ ဘယ်လာက သူ့ရဲ့စာအုပ်အကြောင်း ပြောပြခဲ့ပြီး Ginger Fyre စာအုပ်တိုက်က ထုတ်ဝေဖို့ စိတ်ဝင်စားခဲ့တာပါ။

ဘယ်လာရဲ့ စာအုပ်ဟာ မိခင်မပါဘဲ အပြင်ထွက်သွားလို့ လမ်းပျောက်သွားတဲ့ ကြောင်လေး စနိုဝီအကြောင်း ရေးသားထားတာပါ။ ရုပ်ပြစာအုပ်ဖြစ်ပြီး စာအုပ်ထဲက ပုံတွေအားလုံး (သူ့အစ်မ ဆွဲပေးတဲ့ပုံတစ်ပုံက လွဲရင်)ကိုလည်း ဘယ်လာကိုယ်တိုင် ဆွဲထားတာ ဖြစ်ပါတယ်။

သမီးဖြစ်သူက စာအုပ်ထုတ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့လို့ အလွန်ဂုဏ်ယူမိတယ်လို့ မိဘနှစ်ပါးက ဆိုပါတယ်။ ဘယ်လာကတော့ ဒီစာအုပ်ရဲ့ နောက်ဆက်တွဲအဖြစ် စနိုဝီရဲ့ မွေးနေ့ပါတီဆိုတဲ့ ဒုတိယမြောက်စာအုပ် ထုတ်ဝေဖို့တောင် ပြင်ဆင်နေပါပြီ။

Ref: Goodnews ” 5-Year-old’s Book is Published, Earning Her Guinness Record as World’s Youngest Author”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top