လေယာဉ်စီး ခရီးစဉ်မပါဘဲ ကမ္ဘာ့နိုင်ငံအားလုံးကို သွားရောက်လည်ပတ်နိုင်ခဲ့တဲ့ ဒိန်းမတ်ခရီးသွား

6.6.2023-yyl-17.jpg

လေယာဉ်စီး ခရီးစဉ်မပါဘဲ ကမ္ဘာ့နိုင်ငံအားလုံးကို သွားရောက်လည်ပတ်ဖို့ ကြိုးစားခဲ့တဲ့ ဒိန်းမတ်ခရီးသွား သော်ပက်ဒါဆန်ရဲ့ ခရီးစဉ်ကတော့ ပြီးမြောက်အောင်မြင်ခဲ့ပါပြီ။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်၊ ၁၀ နာရီ၊ ၁၀ မိနစ်အချိန်မှာ ပက်ဒါဆန်က ဒိန်းမတ်နိုင်ငံတောင်ပိုင်းကနေ ဂျာမနီကို ရထားစီးသွားပြီး သူ့ရဲ့ခရီးစဉ်ကို စတင်ခဲ့တာပါ။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာတော့ သူက နိုင်ငံ ၁၉၃ နိုင်ငံအထိ သွားရောက်လည်ပတ်နိုင်ခဲ့ပါပြီ။ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှာ မော်လ်ဒိုက်နိုင်ငံကို သွားရောက်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ ၂၀၃ နိုင်ငံလုံးကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်ကို အဆုံးသတ်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် သော်ပက်ဒါဆန်က ဟောင်ကောင်မှာ ၂ နှစ်ကြာ ပိတ်မိခဲ့ပါတယ်။

သူဟာ အီကွေတိုရီယယ်ဂီနီနိုင်ငံကို ရောက်ဖို့ ၄ လကြာအောင် သွားခဲ့ရတာပါ။ ဘတ်စ်ကားစီး ခရီးရှည်ကြီးတွေ သွားရတဲ့အခါ ဝေဟင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေကို မော့ကြည့်မိပြီး ” ငါ ဘာအရူးထမိပါလိမ့်” လို့ တွေးမိတတ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သော်ပက်ဒါဆန်ဟာ ကမ္ဘာ့နိုင်ငံအားလုံးကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်အတွင်း အိမ်ထောင် ၂ ကြိမ် ကျခဲ့ပြီး ၃၅၁၂ ရက်အကြာမှာတော့ သူ့ရဲ့ခရီးစဉ်ကို အဆုံးသတ်နိုင်ခဲ့တာပါ။

Ref: Danish traveller’s 3,512-day-long journey he took in 203 countries

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top