ဆောင်းရာသီမှာ အဆုတ်ကျန်းမာရေးအတွက် စားပေးသင့်တဲ့ ဗီတာမင်စီကြွယ်ဝတဲ့အသီးတွေ

18-11-2020-yyl-002.jpg

အခုအချိန်အခါမှာ ကျွန်တော်တို့ရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ဖို့အတွက် ဗီတာမင်စီက အဓိကနေရာမှာ ပါဝင်နေတယ်ဆိုတာ ကျွန်တော်တို့အားလုံးနားလည်ထားကြပါတယ်။ ဗီတာမင်စီက free radical ပျက်စီးတာကနေ ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့အပြင် ဆီးချိုရောဂါ၊ နှလုံးကျန်းမာရေးကို ထိန်းပေးဖို့ အကူညီပေးပြီး အသားရေးကျန်းမာရေးကိုလည်း တိုးတတ်ကောင်းမွန်စေပါတယ်။ တစ်နေ့တာအစားအစာမှာ ဗီတာမင်စီပါဝင်ဖို့ အရေးကြီးလှပါတယ်။ ဗီတာမင်စီနဲ့ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးမှ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုလည်း ကာကွယ်ပေးရာရောက်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကာကွယ်ပေးတဲ့အပြင် ဗီတာမင်စီက အဆုတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဆောင်းရာသီလည်း ဝင်ရောက်လာပြီဖြစ်တဲ့အတွက် ကိုဗစ်ရောဂါအလွယ်တကူမဝင်ရောက်လာဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းဖို့အတွက်ရော အဆုတ်ကျန်းမာရေးအတွက်ပါ စားပေးသင့်တဲ့ အသီးတွေကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ရပါတယ်။

လိမ္မော်သီး

လိမ္မော်သီးက ပူအိုက်လှတဲ့ နွေရာသီမှာရော ချမ်းအေးလှတဲ့ဆောင်းရာသီမှာပါ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အသီးဖြစ်ပါတယ်။ လိမ္မော်သီးက အရသာရှိတဲ့အပြင် ဗီတာမင်စီဓာတ်အပါအဝင် အာဟာရဓာတ်ကြွယ်ဝပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အူမကြီးကျန်းမာရေးအတွက်လည်း ကောင်းတဲ့အသီးဖြစ်ပါတယ်။

မာလကာသီး

လတ်ဆက်ပြီး ကြွပ်ရွတဲ့ မာလကာသီးရဲ့အရသာက ငရုတ်သီးမှုန့်နဲ့တို့စားရင် အကောင်းဆုံးပါပဲ။ မာလကာသီးမှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ အဲဒါအပြင် အဆုတ်ကျန်းမာရေးအတွက် ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးတဲ့အပြင် ဆီးချိုရောဂါကိုလည်း ထိန်းပေးနိုင်ပါတယ်။

သလဲသီး

အနီရောင်ပုလဲလုံးအသွင် သလဲသီးကလည်း အာဟာရဓာတ်ကြွယ်ဝတဲ့အပြင် ဗိုင်းရပ်စ်တွေကိုလည်း တိုက်ဖျက်ပေးပြီး ကျန်းမာရေးကောင်းအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဆောင်းရာသီမှာ အဆုတ်အားကောင်းဖို့အတွက်လည်း သလဲသီးကို စားပေးသင့်ပါတယ်။

စတော်ဘယ်ရီသီး

ဆောင်းရာသီစာဖြစ်တဲ့ စတော်ဘယ်ရီသီးက ဗီတာမင်ဓာတ်တွေ၊ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ အန်တီအောက်စီဒန့်တွေလို အာဟာရဓာတ်တွေကြွယ်ဝပြီး ကိုလက်စထရောဓာတ်နဲ့အဆီဓာတ်တွေလည်း နည်းပါတယ်။ သင့်ရဲ့ကိုယ်ခံအားစနစ်နဲ့ အဆုတ်ကျန်းမာရေးအတွက် စတော်ဘယ်ရီသီးကို စားသုံးပေးသင့်ပါတယ်။

ကီဝီသီး

လေ့လာချက်တွေအရ ကီဝီ (၁၀၀) ဂရမ်က ဗီတာမင်စီ (၇၄.၇) ဂရမ် ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးကို မြှင့်တင်ပေးဖို့အတွက် တစ်နေ့တာမှာ ကီဝီသီးကိုလည်း စားပေးသင့်ပါတယ်။

စပျစ်သီး

အရသာရှိတဲ့ စပျစ်သီးကလည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်စွမ်းလည်းရှိပါတယ်။

Ref: Vitamin-C rich winter fruits that promote lung health

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top