မနက်စာမစားခင် ကော်ဖီသောက်ရင် ဘာတွေဖြစ်လာနိုင်လဲ

6-4-2022-yyl-38.jpg

ကော်ဖီချစ်သူတွေ အိပ်ရာထတာနဲ့ ပထမဆုံးလုပ်တဲ့အရာကတော့ ကော်ဖီသောက်ဖို့ပါပဲ။ မနက်စာမစားသေးဘဲ ကော်ဖီအရင်သောက်တတ်တဲ့အကျင့်ရှိရင် ဒီအကျင့်ကို ဖျောက်ပစ်ဖို့ လိုပါတဘ်။ မနက်ခင်းမှာ ကော်ဖီမသောက်ရဘဲ မနေနိုင်ရင် သင့်အတွက် ခက်ခဲပေမဲ့ မနက်စာမစားခင် ကော်ဖီအရင်သောက်တာက ဆိုးကျိုးအနည်းငယ်ဖြစ်စေနိုင်ပါတယ်။ မနက်စာအရင်မစားဘဲ ကော်ဖီသောက်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ခြေများပါတယ်။

သွေးအတွင်းသကြားဓာတ်ပမာဏအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တယ်

ကော်ဖီချစ်သူတွေကတော့ မနက်ခင်းဆို ကော်ဖီတစ်ခွက်သောက်လိုက်ရမှ။ သူတို့အတွက် ကော်ဖီမပါဘဲ တစ်နေ့တာကို စတင်ဖို့ မဖြစ်နိုင်သလိုခံစားရတာပါ။ မနက်ခင်းမှာ သင့်ခန္ဓာကိုယ်နဲ့ ပထမဆုံးထိတွေ့မိတာက ကော်ဖီဆိုရင် သွေးအတွင်း သကြားဓာတ်ကို ၅၀ ရာခိုင်နှုန်းလောက် မြှင့်တက်သွားစေနိုင်ပါတယ်။ ဒါပေမဲ့ ဒါက သင့်ကြိုက်နှစ်သက်တဲ့ ကော်ဖီကို စွန့်လွှတ်ပစ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အရင်ဆုံးမနက်စာစားပြီးမှ ကော်ဖီသောက်မယ်ဆိုရင် သင့်အပေါ် ဆိုးကျိုးသက်ရောက်မှုကို လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

ခြေထောက်ကြွက်တက်ခြင်း ကြုံတွေ့ရနိုင်တယ်

တချို့တွေက ညဘက် အိပ်မပျော်တာမျိုးတွေဖြစ်ကြပါတယ်။ ကော်ဖီသောက်လေ့ရှိတဲ့သူတွေကတော့ ကော်ဖီသောက်လိုက်ရမှ ညဘက် ကောင်းကောင်းအိပ်ပျော်တတ်ကြပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်က သွေးအတွင်း သကြားပမာဏမြှင့်တင်ပေးတဲ့အတွက် ညဘက်တွေမှာ ခြေထောက်ကြွက်တက်တာမျိုးတွေ ကြုံတွေ့ရနနိုင်ပါတယ်။

အရေပြားခြောက်သွေ့စေနိုင်တယ်

ကော်ဖီက ဆီးမကြာခဏသွားစေနိုင်တဲ့ စွမ်းအားပြင်းတဲ့ အရည်တစ်မျိုးပါ။ ကော်ဖီသောက်တာက ပြင်းထန်တဲ့ ရေဓာတ်ဆုံးရှုံးမှုကို မဖြစ်နိုင်ပေမဲ့ သင့်ခန္ဓာကိုယ်မှာ အရည်တွေဆုံးရှုံးစေနိုင်ပါတယ်။ ကော်ဖီသောက်ရင်တော့ တစ်နေ့တာမှာ ရေများများသောက်ပေးဖို့ အရေးကြီးပါတယ်။ ဆုံးရှုံးသွားတဲ့အရည်တွေကို ဖြည့်တင်းဖို့ ရေလုံလုံလောက်လောက်မသောက်ဘူးဆိုရင် သင့်အသားရေကို ခြောက်သွေ့လာစေနိုင်ပါတယ်။

စိုးရိမ်ပူပန်မှု ပြင်းထန်စေတယ်

အိပ်ရာထတဲ့အချိန် စိတ်ဖိစီးမှုဟော်မုန်းဆိုတဲ့ ကော်တီဆုန်းက အမြင့်ဆုံးမှာပါ။ မနက်စာမစားခင် ကော်ဖီသောက်မယ်ဆိုရင် ကဖင်းဓာတ်က ကော်တီဆုန်းဟော်မုန်းထိတွေ့မိပြီး သင့်ခန္ဓာကိုယ်ကို စိတ်ဖိစီးမှုပိုပြီးကြုံတွေ့ခံစားရစေနို်ငပါတယ်။

Ref: Brightside “What Might Happen If You Drink Your Coffee Before Breakfast”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top