Vivo ရဲ့ v7၊ v7+ မိတ်ဆက်ပွဲ

21766516_1929397083993215_110884628409255198_n.jpg

Vivo Myanmar က ကျင်းပ ပြုလုပ်တဲ့ v7၊ v7+ မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့က ပြည်လမ်းမှာရှိတဲ့ Novotal Yangon Max Hotel မှာ ကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။

အခမ်းအနားကို ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနဲ့ အတူ အနုပညာရှင်များက တက်ရောက်ခဲ့ကြပြီး ဇော်ပိုင်၊ ဖြူဖြူကျော်သိန်း နဲ့ ဝိုင်းစုခိုင်သိန်းတို့က တေးသီချင်းများနဲ့ သီဆို ဖျော်ဖြေခဲ့ကြတဲ့ အပြင် Life & Dance အက အဖွဲ့မှလည်း မြူးကြွတဲ့ အကတွေနဲ့ တင်ဆက်ခဲ့ကြပါတယ်။ သီဆိုဖျော်ဖြေနေကြတဲ့ တေးသံရှင်တွေရဲ့ ပုံတွေကို မျှဝေပေးလိုက်ပါတယ်။ 

အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားမှာတော့ Vivo က အသစ်ထုတ်လုပ်လိုက်တဲ့ v7+ နဲ့ ပတ်သက်တဲ့ ကောင်းမွန်တဲ့ Features တွေအကြောင်း အပြင် ရောင်းချမယ့် ဈေးနှုန်းနဲ့ ကြိုတင် မှာယူနိုင်တဲ့ နေ့ရက်တွေကို တရားဝင်ကြေညာသွားခဲ့ပါတယ်။ Vivo v7+ ကိုတော့ မြန်မာငွေ ၄၂၉၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကြိုတင်မှာယူလို့ရနေပြီလို့ သိရပါတယ်။

Zym (ရိုးရာလေး)
Photo Credit- Vivo Myanmar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top