V7+ ကို ဝယ်ယူလိုသူများ Pre-Order စတင်ပြုလုပ်နိုင်ပြီ

5-8-2020-yyl-023.jpg

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်က V7+ ကို ခမ်းနားစွာနဲ့ မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ် မျက်နှာပြင်ကျယ်တဲ့အပြင် ကင်မရာစွမ်းဆောင်ရည်နဲ့ အခြား V7+ ကို ဈေးကွက်ထဲမှာတော့ ချက်ချင်းရောင်းချခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ပထမဦးဆုံး စတင်ရောင်းချတဲ့နေ့မှာပဲ ရယူချင်သူတွေကတော့ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း Pre-Order တင်လို့ရပြီဖြစ်ကြောင်း သိရပါတယ်။

Pre-Order ဘာကြောင့် တင်ကြသလဲ


    Pre-Order က ရောင်းချသူရော၊ ဝယ်ယူသူအတွက်ပါ နှစ်ဦးနှစ်ဘက် အကျိုးရှိတယ်လို့ ဆိုရမှာပါ။ ရောင်းချသူဘက်ကလည်း ဈေးဦးပေါက်ကောင်းသလို ဝယ်ယူသူဘက်ကလည်း ဦးဦးဖျားဖျား အသုံးပြုခွင့်ရပြီး၊ Pre-Order ကပေးတဲ့ လက်ဆောင်တွေလည်းရပါတယ်။

Pre-Order ဘယ်လိုတင်ရမလဲ


    Pre-Order ကို Vivo Showroom တွေသာမက၊ Vivo Smartphone ရောင်းချတဲ့ ဘယ်ဆိုမှာမဆို တင်လို့ရပါတယ်။ Pre-Order အတွက် သတ်မှတ်ထားတဲ့စရံငွေပမာဏကို ဦးဆုံးပေးသွင်းရမှာပါ။ ပြီးရင် အချက်အလက်အချို့ကိုလည်း ဖြည့်သွင်းပေးရပါမယ်။  ဒါတွေလုပ်ပြီးပြီဆိုရင်တော့ ဆိုင်ရှင်ဆီကနေ Pre-Order Card နဲ့ V7+ လက်ဆောင်ပစ္စည်းဘူးကို ရရှိပါလိမ့်မယ်။ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ Pre-Order Card ယူသွားပြီး ငွေအပြည့်ပေးချေရင် V7+ နဲ့ V fan’s limited edition နားကြပ်တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် လစဉ်တိုင်း ၃၀၀၀ိ/ကျပ် ငွေဖြည့်သွင်းရုံနဲ့ တယ်လီနောရဲ့ 1GB Internet package ကို အခမဲ့ အဖြစ် 6GB အထိ ရရှိမယ်လို့ သိရပါတယ်။

Pre-Order အတွက် အသေးစိတ် သိရှိချင်ရင်တော့-
ရန်ကုန် – ၀၁၁ ၂၂၃၇၀၆၊ ၀၁ ၅၂၇၁၇၉
မန္တလေး – ၀၉၉၇၁၄၂၂၃၈၈၊ ၀၉၇၉၁၁၁၈၁၁၅
နေပြည်တော် – ၀၉၉၇၂၈၅၈၈၈၇၊ ၀၉၇၈၈၈၈၈၄၈၀
မော်လမြိုင် – ၀၅၇ ၂၄၃၃၂
စစ်ကိုင်း – ၀၉၄၀၀၅၄၉၁၂၉
မကွေး – ၀၆၃ ၂၅၁၆၃

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top