မြစ်ထဲ ကားထိုးကျသွားချိန်မှာ ရေနစ်နေတဲ့ အမျိုးသမီး ၃ ယောက်ကို လူငယ်လေးက ကယ်တင်

8-7-2022-14.jpg

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်မှာ ကားတစ်စီး ရေထဲထိုးကျသွားပြီး ကားထဲက အမျိုးသမီး ၃ ယောက် ရေနစ်နေတဲ့ အခြေအနေမှာ လူငယ်လေးတစ်ယောက်က ကယ်တင်ပေးခဲ့ပါတယ်။

မြစ်ထဲကို ကားထိုးကျသွားပြီး မြုပ်လုဆဲဆဲ ဖြစ်နေချိန်မှာ ၁၆ နှစ်အရွယ် လူငယ်လေး အီဗန်စ်က ရေထဲခုန်ဆင်းပြီး ကယ်တင်ပေးခဲ့တာပါ။ သူနဲ့အတူ သူ့သူငယ်ချင်းကလည်း ဝိုင်းကူပေးခဲ့ပါတယ်။

မြစ်ထဲကို ကားထိုးကျသွားလို့ ကူညီပေးဖို့ ရောက်လာတဲ့ ရဲအရာရှိပါ ရေနစ်နေလို့ အီဗန်စ်က ကူညီပေးခဲ့ပါသေးတယ်။ ” ကျွန်မရဲ့ နောက်ဆုံးထွက်သက်မရောက်ခင် သီသီလေးမှာပဲ သူ(အီဗန်) ကယ်တင်ပေးနိုင်ခဲ့တာပါ” လို့ ကားထဲမှာ လိုက်ပါခဲ့သူ အမျိုးသမီးတစ်ဦးက ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပြီး အီဗန်ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ မော့စ်ပွိုင့်မြို့တော်ဝန်က ရဲအရာရှိနဲ့ လူငယ်လေး အီဗန်တို့ ၂ ဦးကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။

Ref: Mississippi Teen Saves 3 Girls And Police Officer After Vehicle Sinks In River

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top