V14 EV dynamic range အထိ ရနိုင်တဲ့ AI-Powered Super HDR ကို ထုတ်ဖော်ပြသလိုက်တဲ့ Vivo

V1.jpg

Vivo ဟာ တရုတ်ပြည်ရဲ့ မီဒီယာတွေနဲ့တွေ့ဆုံမှုမှာ နောက်ဆုံးပေါ် AI-powered Super HDR အကြောင်းကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။ Backlit Photography မှာလည်း အောင်မြင်မှုရခဲ့တဲ့ Vivo ဟာ အခုလည်း အသုံးပြုသူတွေကို နောက်ထပ်အဆင့်တစ်ခုဆီ ထပ်ပြီးပို့ဆောင်လိုက်ပြန်တာ ဖြစ်ပါတယ်။

Super HDR ရဲ့ အလိုအလျောက် မြင်ကွင်းထောက်လှမ်းမှု နည်းပညာက ကြည်လင်ပြတ်သားပြီး၊ အရောင်အသွေးပိုမိုမှန်ကန်၊ အသေးစိတ်ကျတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Super HDR ဟာ ပုံမှန် HDR ရဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲဆိုပေမယ့် ဓာတ်ပုံတွင်းမှာ အလင်းအမှောင် ချိန်ညှိမှုနဲ့ စိုပြေမှုအတွက် ပိုကောင်းတဲ့ ဖြေရှင်းမှု frame တွေစုစည်းထားတာ ဖြစ်ပါတယ်။ Super HDR ဟာ frame တွေကို ပိုပြီးဖမ်းယူထားသလို အလင်းအမှောင်နဲ့ အရောင်တွေကိုလည်း လိမ္မာပါးနပ်စွာနဲ့ ပေါင်းစပ်လိုက်တာကြောင့် စိတ်ကူးထားတာထက် ပိုပြီးကောင်းမွန်တဲ့ အလင်းအမှောင်နဲ့ ဓာတ်ပုံကို ရရှိပါလိမ့်မယ်။

ထူးကဲတဲ့ frame တွေနဲ့ လိုက်လျောညီထွေရှိမှုSuper HDR ရဲ့ dynamic range ဟာ EV 14 ကျော်အထိ သွားနိုင်ပါတယ်။ shutter တစ်ချက်အပိတ်မှာ Super HDR ဟာ frame ပေါင်း ၁၂ ခုကျော်ကို ဖမ်းယူထားမှာ ဖြစ်ပါတယ်။ ဒါဟာ သာမန် HDR နည်းပညာထက် ပိုမိုသာလွန်တဲ့ အချက်ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာတော့ ဓာတ်ပုံအတွက် ပြီးပြည့်စုံတဲ့ အလင်းတွေကို စုစည်းနိုင်ပြီး တွက်ချက်ထည့်သွင်းနိုင်ပါလိမ့်မယ်။

ပြင်းထန်တဲ့ အလင်းရောက်အောက်မှာ အသေးစိတ်အဆင်ပြေအောင် ဆောင်ရွက်နိုင်

သာမန် HDR ရဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေကိုလျော့ချဖို့အတွက် Super HDR ဟာ မတူညီတဲ့ လုပ်ဆောင်ချက်တွေ၊ dynamic range တွေနဲ့ အလုပ်လုပ်ရပါတယ်။ အကောင်းဆုံး frame တွေကို ရွေးချယ်စုစည်းပြီး အလင်းနဲ့အရိပ်တွေကို အသေးစိတ်ဖြစ်စေရန် ပေါင်းစပ်လိုက်ပါတယ်။ ဒါတင်မကသေးဘဲ သဘာဝနဲ့လိုက်လျောညီထွေဖြစ်အောင်လည်း အရောင်တွေ၊ အလင်းအမှောင်တွေကို ချိန်ညှိရပါသေးတယ်။

ပုံကောင်းတစ်ပုံကို လွယ်လွယ်နဲ့ရိုက်လို့ရ

သာမန် HDR အနေနဲ့ ဓာတ်ပုံတစ်ပုံလုံးကို ခြုံငုံပြီးချိန်ညှိတဲ့အခါမှာ အဓိကပုံရိပ်နဲ့ နောက်ခံကြား အလင်းရောင်ညီမျှဖို့အတွက် တစ်ဘက်ဘက်ကို လျှော့ချလိုက်ရတာမျိုး ရှိပါတယ်။ ဒါပေမယ့် Super HDR ကတော့ Smart scene detection ပါဝင်တာကြောင့် တစ်ပုံလုံးမှာ အလင်းအမှောင်ရော အရောင်တွေပါ ညီမျှနေပြီး သဘာဝရဲ့ အရသာကိုလည်း ပိုမိုခံစားနိုင်ပါလိမ့်မယ်။

အဆင့်မြင့် AI က ဓာတ်ပုံကို ပိုပြီးကောင်းမွန်စေ

Super HDR ရဲ့လွှမ်းမိုးမှုက AI algorithms ကို မတူညီတဲ့ တွက်ချက်မှုတွေ ဖြစ်စေပါတယ်။ shutter ကိုဖိနှိပ်လိုက်ချိန်မှာ AI က ဘယ်လိုအလင်းအမှောင်ကို ထားရမလဲ၊ exposure တန်ဖိုးကို ဘယ်လို သတ်မှတ်ရမလဲဆိုတာ သိဖို့အတွက် ထောက်လှမ်းပါတယ်။ frame တွေမှာ ပေါင်းထည့်လိုက်ချိန်မှာတော့ အမြင်အာရုံကို ဖမ်းစားနိုင်မယ့် သဘာဝကျကျ ရိုက်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။

Super HDR ရဲ့ အားသာချက်များချိန်ညှိနိုင်စွမ်း မြင့်မားခြင်း

14EV ကျယ်ပြန့်တဲ့ dynamic range ကြောင့် အလင်းအမှောင် ညီမျှမှုကို ပြီးပြည့်စုံစေပါတယ်။ ကျောက်တုံး၊ အလင်းရောင်၊ မြက်ခင်းနဲ့ တောင်တန်းတွေရဲ့ အလင်းရောင်၊ အရိပ် စတာတွေရဲ့ ညီမျှမှု၊ အရောင်အသွေးစိုပြေမှုတွေကို ပူးတွဲပါ ပုံတွေမှာ မြင်နိုင်ပါတယ်။

1.တိကျမှန်ကန်တဲ့ exposure ရွေးနိုင်ခြင်း – 12 frames ထက်ပိုတာကြောင့် Spuer HDR မှာ အလင်းနဲ့ပတ်သက်တဲ့ ရွေးချယ်မှုက ပိုပြီးများလာပါလိမ့်မယ်။ ဒါကြောင့် ဓာတ်ပုံတစ်ပုံလုံးမှာ မှန်ကန်တဲ့ exposesure ကို ညီမျှစွာ ရရှိမှာပါ။

2.သဘာဝ အရောင်အသွေး စိုပြည်မှုကို ဆက်ပြီးထိန်းသိမ်းထားနိုင်တာ တွေ့ရပါလိမ့်မယ်။

3.ထောက်လှမ်းမှု ဉာဏ်ရည် – AI ရဲ့ powered scene detection ဆိုတာက ဓာတ်ပုံရဲ့ အပိုင်းတိုင်းမှာ ရှိတဲ့ လိုအပ်ချက်တွေကို ထောက်လှမ်းပြီး ပြည့်စုံအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ ကျောက်တုံး၊ မိုးတိမ်၊ ရေလှိုင်း စတာတွေရဲ့ သဘာဝပုံစံကို ထိန်းသိမ်းဖမ်းယူထားနိုင်တာကို ဒီပုံထဲမှာ တွေ့နိုင်ပါတယ်။

4.ရလဒ်က သဘာဝအတိုင်းပဲ – Super HDR ဟာ လူတွေအပြင်မှာမြင်ရတဲ့အတိုင်း တူညီတဲ့ သဘာဝအရောင်ကို ရရှိဖို့ အလင်းနဲ့ အရိပ်တွေကို သင့်တင့်အောင် စီစဉ်ပေးပါတယ်။ အနောက်မှာ နေရောင် ထိုးနေပေမယ့်လည်း စုံတွဲကိုတော့ သဘာဝကျကျ၊ ရှင်းရှင်းလင်းလင်း မြင်ရသလို၊ ထီးကလည်း သူ့အရောင်နဲ့သူ တိကျစွာမြင်နိုင်ပါတယ်။ အလင်းအမှောင်ကြောင့် အရောင်တွေ ရှုပ်ထွေးမှု ဖြစ်မနေပါဘူး။

5.ပြီးပြည့်စုံတဲ့ အလင်းရောင်နဲ့ အလှဓာတ်ပုံ – Super HDR ဟာ ဓာတ်ပုံထဲက လူတွေအတွက် အကောင်းဆုံး အလင်းရောင်ကိုရဖို့ ဦးစားပေးပြီး နောက်ခံ exposure ကိုလိုက်ချိန်ညှိပေးတာကြောင့် အလင်းအမှောင်နဲ့ အရောင်ညီမျှတဲ့ သဘာဝ အလှဓာတ်ပုံအဖြစ် မြင်တွေ့ရတာ ဖြစ်ပါတယ်။

“Vivo အနေနဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် အခုထက်ပိုကောင်းတဲ့ ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံတွေကို ပေးနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေမှာပါ။ အစွမ်းထက်တဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီးရအောင် ရှာဖွေထည့်သွင်းပြီး သုံးစွဲသူတွေအတွက် ပျော်ရွှင်မှုတွေ ပေးအပ်သွားမှာပါ။ ဒီနေ့ ပြသခဲ့တဲ့ Super HDR နည်းပညာဟာ ကျွန်တော်တို့အနေနဲ့ mobile photography မှာ ဘယ်လောက်ထိ ဆက်ပြီးအားအင်စိုက်ထုတ်မယ်ဆိုတာကို ဥပမာအနေနဲ့ ပြသသွားခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ ခလုပ်ကလေးကို ရိုးရိုးလေးနှိပ်လိုက်ရုံနဲ့ ပြီးပြည့်စုံတဲ့၊ ပညာသားပါတဲ့ ဓာတ်ပုံရလာဖို့ ကြိုးစားနေပါတယ်။ Intelligent AI ကိုအသုံးပြုပြီး Super HDR နဲ့အတူ ဘယ်လိုအခြေအနေမျိုးမှာမဆို တိကျပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေရိုက်ကူးနိုင်ဖို့ ကြိုးပမ်းနေပါတယ် ” လို့ Vivo ရဲ့ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Alex Feng က ပြောပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top