TCP Group က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ We Love Yangon အဖွဲ့သို့ မြန်မာကျပ်ငွေ ၂၅ သန်း လှူဒါန်း

tcp01.jpg

Red Bull အားဖြည့် အချိုရည်နှင့် Sponsor ရေဓာတ်အားဖြည့် အချိုရည်တို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော TCP Group အဖွဲ့ဝင် T.C Pharmaceutical Myanmar (TCPMM) က မြန်မာနိုင်ငံရှိ COVID-19 ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးအတွက် မြန်မာကျပ်ငွေ ၂၅ သန်း တန်ဖိုးရှိ ထုတ်ကုန်ပစ္စည်းများ၊ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ TCPMM က လွန်ခဲ့သော နှစ်လတာကာလအတွင်း အခြေခံ လူတန်းစားများနှင့် ရှေ့တန်းတိုက်ပွဲဝင် ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်များအတွက် အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ N95 Mask ၅ ထောင်၊ We Love Yangon အသင်းအဖွဲ့သို့ ရန်ပုံငွေအဖြစ် မြန်မာကျပ်ငွေ ၁၀ သန်း အသီးသီး လှူဒါန်းခဲ့ပါသေးတယ်။

TCPMM ရဲ့လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုအနေဖြင့် ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားနေသော ကူးစက်ရောဂါအပေါ် တိုက်ဖျက်နိုင်ရေးအတွက် ဧပြီလ ၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် အသုံးပြုရန် မြန်မာငွေကျပ် ၇ သန်းကို စတင်လှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် ကုမ္ပဏီမှ မြန်မာငွေကျပ် ၁ သန်း တန်ဖိုးရှိ Red Bull နှင့် Sponsor အချိုရည်များကို မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး နှင့် ဝေဘာဂီဆေရုံရှိ ကျန်မာရေး ဝန်ထမ်းများအတွက် ရည်ရွယ်ပြီး ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျေးလက်နေရာများတွင် နေထိုင်သော အခြေခံလူတန်းစား အိမ်ထောင်စုများကို လိုအပ်သော အစားအသောက်များ၊ အကူအညီများကို ပေးနိုင်ရန် ကူညီထောက်ပံ့သည့်အနေဖြင့် မြန်မာငွေကျပ် ၁၀ သန်းနှင့်အတူ Sponsor ရေဓာတ်အားဖြည့် အချိုရည်ဘူး ၆၀၀ ကို ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် We Love Yangon ရဲ့ စေတနာ့ ဝန်ထမ်းများမှ တစ်ဆင့် လှူဒါန်းခဲ့ပါတယ်။ ဒီပေးအပ်လှူဒါန်းပွဲအခမ်းအနားကို မေလ ၂၂ ရက်နေ့တွင် ရန်ကုန်ပြည်သူ့လွှတ်တော်ခန်းမမှာကျင်းပခဲ့ပြီး We Love Yangon အဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ လက်ခံ ရယူပေးခဲ့ပါတယ်။


TCPMM က ဇွန်လ ၅ ရက်နေ့တွင် ကျန်းမာရေး ဝန်ထမ်းများအတွက် N95 Mask ပေါင်း ငါးထောင်ကို မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ရောဂါကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများသည် ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကာကွယ်ရန်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဗိုင်းရပ်စ်ရောဂါရှာဖွေမှု၊ ကာကွယ်မှုနှင့် ပြန်လည် ထူထောင်ရေးတို့တွင် မရှိမဖြစ် အရေးကြီးပြီး ရှေ့တန်းတိုက်ပွဲဝင် ကျန်မာရေး ဝန်ထမ်းများအတွက် အလွန်အရေးလှပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top