သစ်ပင် နှင့် တရိစ္ဆာန်များအား ကိုးကားကာ တီထွင်ခဲ့သော အံ့သြဖွယ်ရာ နည်းပညာများ

yyl-007-3.jpg

လူသားများသည် မြောက်များစွာသော တီထွင်မှု ပြုလုပ်နိုင်ခဲ့ကြသည်။ သို့သော် တော်တော်များများသည် မူရင်း (သို့) တစ်မူထူးခြားနေသော တီထွင်မှုများ မဟုတ်ပေ။ ထိုတီထွင်မှုအများစု၏ အကြံဉာဏ်များကို မိခင် သဘာဝတရားကြီးမှ ရရှိခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ အောက်ပါ နည်းပညာရပ်များသည် သစ်ပင် နှင့် တရိစ္ဆာန်များအား ကိုးကားကာ တီထွင်ခဲ့သော အံ့သြဖွယ်ရာ နည်းပညာများ ဖြစ်ကြောင်း စာဖတ်သူများ အတွက် ဗဟုသုတရရှိစေရန် ရေးသား မျှဝေပေးလိုက်ပါသည်။

Velcro

ထို Velcro ဟုခေါ်သည့် ကပ်ခွာကို အိတ်များ၊ ကလေးများ၏ ဖိနပ်များ မှစ၍ အာကာသယာဉ်မှူးများ၏ ဝတ်စုံများအထိ အသုံးများသည်ကို တွေ့ရှိနိုင်သည်။ ထိုကဲ့သို့ များစွာ အသုံးဝင်သည့် ကပ်ခွာကို ဆွတ်ဇာလန် အင်ဂျင်နီယာ George de Mestral က ၁၉၄၁ ခုနှစ်တွင် သူ၏ခွေးကလေး နှင့် တောင်တန်းပေါ်တွင် အမဲလိုက်ထွက်စဉ် အဆူးသီးကလေး ခွေးအမွှေးတွင် ကပ်နေသည်ကို မြင်မိပြီး အကြံရသွားသည် ဟုဆိုသည်။ ထိုအဆူးသီးမှာ ပါသည့် သေးငယ်သော ချိတ်ကလေးများကို ကြည့်ကာ အကွင်းလေးများတွင် ချိတ်ဆွဲနိုင်လျှင် တစ်ခုခု အသုံးဝင်လာနိုင်မည်ဟု တွေးခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ စမ်းသပ်ခဲ့အပြီးမှာတော့ သူသည် Velcro ဟုခေါ်သည့် ဇစ်မပါသည့် ဇစ်ကို တီထွင်နိုင်ခဲ့ပြီး သူသည် ၁၉၉၅ ခုနှစ်တွင် ထင်ပေါ်ကျော်ကြားသော တီထွင်သူ အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

ကျည်ဆန် ရထား

ကျဉ်ဆန် ရထားသည် ကျဉ်ဆန်ကို ပုံစံယူကာ တည်ဆောက်ထားခြင်းကြောင်း နာမည်အရပင် သိရှိနိုင်သည်။ ထိုအမြန်နှုန်းဖြင့် ပြေးဆွဲသည့် ရထားများသည် အလွန်အောင်မြင်သည်။ သို့သော် ကျည်ဆန်ရထားသည် အမြန်နှုန်းကြောင့် လေရဲ့ဖိအားကို ခံရကာ အသံလှိုင်းကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ခရီးသည်များသည် မူးဝေခြင်း နှင့် ဂူအတွင်း ဖြတ်သန်းမောင်းနှင် ရချိန်များတွင် ရထားက ဖိညှပ်ခံရထားသည် ဟု ခံစားချက်များ အမြဲဖြစ်ပေါ်စေခဲ့သည်။

JR-West company ၏ အင်ဂျင်နီယာ Eiji Nakatsu သည် ငှက်များကို ကြည့်ရှုလေ့ရှိသော အလေ့အထရှိသူဖြစ်သည်။ သူသည် kingfisher ဟုခေါ်သည့် ရေငုပ်တတ်သည့် ငှက်ငယ်တစ်ကောင်သည် အရှိုန်အဟုန်ဖြင့် ငါးကို ဖမ်းစားသည်ကို သူအနားယူချိန် လေကောင်းလေသန့် ထွက်ရူချိန်တွင် မြင်တွေ့ခဲ့ရသည်။ ထိုငှက်ငယ်၏ နှုတ်သီးသည် ရေငုပ်ရာတွင် လေကိုဖြတ်သန်းကာ ရေကိုထိုးဖောက်ချိန်တွင် ရေလှိုင်းတွန့်သွားသည် ကိုပင် Eiji သည် မတွေ့မြင် လိုက်ရပေ။ ထို့နောက် သူသည် kingfisher ငှက်၏ နှုတ်သီးပုံစံကို ကျည်ဆန်ရထား၏ ဦးခေါင်း ဒီဇိုင်းပုံစံ အဖြစ်ထည့်သွင်းရေးဆွဲခဲ့သည်။ ထိုဒီဇိုင်းသည် ရထားကို ဂူအတွင်းမောင်းနှင်စဉ် အသံပြဿနာကို ဖြေရှင်းပေးရုံသာမက ပိုမိုလျင်မြန်ကာ စွမ်းအင်ကိုပါ ချွေတာ စေခဲ့သည်။

ပိုမိုသန်မာသော၊ ပိုမိုနူးညံ့သော ဆေးရုံသုံး ပတ်တီးများ

ပင့်ကူ ပိုးအိမ်များသည် သဘာဝအတိုင်း အခိုင်မာဆုံးသော အရာများဖြစ်သည် ဟုဆိုသည်။ အလေးချိန်အရ စတီးထက် ငါးဆပို၍ ခိုင်မာပြီး ဆွဲဆန့်နိုင်သည် သို့သော် ကပ်စေးခြင်းလုံးဝ မရှိပေ။ သိပ္ပံပညာရှင်များသည် ပင့်ကူ ပိုးအိမ်၏ ထိုဂုဏ်သတ္တိများကို အခြေခံကာ ဆေးပညာတွင် ပြန်လည်အသုံးပြုနိုင်ရန် တီထွင်ခဲ့ကြသည်။ ယခင်အသုံးပြုလေ့ရှိသည့် ကပ်ခွာ ပတ်တီးများသည် နူးညံ့သော အသားအရေများတွင် အသုံးပြုလျှင် နာကျင်ခြင်း၊ စပ်ခြင်းများဖြစ်တတ်သောကြောင့် ပင့်ကူ ပိုးအိမ်အစားထိုး ကပ်ခွာ ပတ်တီးများပြုလုပ်ခြင်းဖြင့် အရေပြားပျက်စီးခြင်း၊ လောင်ကျွမ်းခြင်းများကို ကွာကွယ်နိုင်ခဲ့သည်။

ပိုမိုအားကောင်းသော LED မီးသီးများ

Light-emitting diodes (LEDs) များသည် ပို၍ သာမှန်မီးသီးများထက် ပို၍ မီးဆွဲအား သက်သာသည် ဟူသော အချက်သည် လူအများသိရှိပြီး ဖြစ်သည်။ သို့သော် LED ၏ အလင်းအချို့သည် အတွင်းမျက်နှာပြင်ထဲတွင် ပိတ်မိနေခြင်းကြောင့် အလင်းရောင် ရသင့်သလောက် မရပေ။ သိပ္ပံပညာရှင်များသည် ပိုးစုန်းကြူးများ၏ အတွင်းပိုင်း အလင်းပြန်ခြင်း သဘောတရားသည် တိမ်းစောင်းနေသော ပုံစံခွက်လေးများ အလင်းပြန်၍ ပြင်ပသို့အလင်းရောင် ပိုမိုရောင်ပြန်နေခြင်း ဖြစ်ကြောင်းကို လေ့လာကာ LED မီးသီးများ၏ အပြင်ဘက်ကို အလင်းပြန်နိုင်ရန် နည်းလမ်းကို ရှာတွေ့ခဲ့ကြသည်။

ပိုမိုဈေးသက်သာသော solar cells များ

ပုံမှန်အားဖြင့် နေရောင်ခြည် စုပ်ယူသည့် (Solar) ပြားများ ပြုလုပ်ရာတွင် မြောက်များစွာသော လျှပ်စစ်စွမ်းအင် အသုံးပြုမှုရခြင်း၊ အဆိပ်အတောက်ဖြစ်စေသည့် chemical များကို ပါဝင်ခြင်း၊ ရင်းနှီးမှုကြီးမားသည့် ပစ္စည်းများ နှင့် လုပ်ဆောင်ချက်များဖြင့် ဆောက်လုပ်ရသည်။ သို့သော် သိပ္ပံပညာရှင်များသည် orange puffball sponge ဟုခေါ်သည့် ပင်လယ်ရေမြုပ် သက်ရှိ မျိုးစိတ်တစ်ခု၏ ရေထဲသို့ အင်ဇိုင်းများ ထုတ်လုပ်သည့် အလုပ်လုပ်ပုံ ကိုလေ့လာခဲ့ရသည်။ သူတို့၏ လေ့လောစမ်းသပ် တီထွင်မှုကြောင့် ယခုဆိုလျှင် နေရောင်ခြည် စွမ်းအင်ကို လောင်စာဆီထက် ဈေးသက်သာစွာ ဝယ်ယူရရှိ နိုင်နေခြင်းပင်ဖြစ်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top