ဘာလို့ တစ်ချိန်လုံး ချမ်းနေသလိုခံစားရတာလဲ

yyl-001-4.jpg

တခြားသူတွေ အိုက်နေလို့ Air Con ဖွင့်နေချိန်မှာ သင်က ချမ်းသလိုခံစားနေရပါသလား။ တစ်ချိန်လုံးချမ်းသလို ခံစားရတဲ့အတွက် Air Con ကို ခဏခဏပိတ်နေရပါသလား။ ကျွန်တော်တို့အားလုံးက အအေးနဲ့အပူကို တစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားစွာနဲ့ ခံစားရပါတယ်။ ဒါပေမဲ့ သူများတွေ အိုက်နေချိန်မှာ သင်က အချိန်တိုင်းချမ်းနေတယ်ဆိုရင် အောက်မှာဖော်ပြပေးမယ့် အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

သိုင်းရွိုက်ဂလန်းက ကောင်းကောင်းအလုပ်မလုပ်ခြင်း

သိုင်းရွိုက်ဂလန်းက ဟော်မုန်းလုံလုံလောက်လောက်မထုတ်နိုင်ရင် ချမ်းသလိုခံစားရနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းက ဇီဝဖြစ်စဉ်နဲ့ အပူချိန်တို့ကို ထိန်းညှိပေးဖို့ ကူညီပေးပါတယ်။ ကျွန်တော်တို့တွေက အဲဒါတွေ ကင်းမဲ့သွားတဲ့အခါ ချမ်းသလို တစ်ချိန်လုံး ခံစားရပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
ဆရာဝန်နဲ့ပြကြည့်ပါ။ ဆေးပညာနဲ့ စစ်ဆေးကြည့်တာက သင့်ခန္ဓာကိုယ်က သိုင်းရွိုက်ဟော်မုန်းပမာဏ လိုအပ်လားမလိုအပ်လား ဆိုတာကို ရှာတွေ့ဖို့ ကူညီပေးနိုင်ပါတယ်။

ရေလုံလုံလောက်လောက်မသောက်ခြင်း

ရေက ဇီဝဖြစ်စဉ်အားကောင်းစေပြီး သင့်ခန္ဓာကိုယ်ကို အစာခြေဖျက်နိုင်အောင်၊ စွမ်းအင်နဲ့ အပူတွေရအောင် ကူညီပေးပါတယ်။ သင်က ရေဓာတ်ကုန်ခန်းမယ်ဆိုရင် သင့်ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးတဲ့ အပူနဲ့စွမ်းအင်တွေမရှိဖြစ်သွားစေနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
ရေလုံလုံလောက်လောက်သောက်ပေးပါ။ ရေချည်းပဲ မသောက်ချင်ဘူးဆိုရင် သံပုရာသီး၊ သခွားသီး၊ ပင်စိမ်းရွက်တွေကို ထည့်ပြီး သောက်လို့ရပါတယ်။

အိပ်စက်ချိန်မလုံလောက်ခြင်း

ကောင်းမွန်စွာအိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်အပူချိန်ကို ထိန်းချုပ်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် သင် ချမ်းသလိုခံစားနေရတာက ဒီအကြောင်းပြချက်ကြောင့် ဖြစ်နိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
သင့်ရဲ့တစ်နေ့တာအချိန်ဇယားတွေကို ပြန်သုံးသပ်ပြီး အိပ်ချိန်လုံလုံလောက်လောက် ရှိအောင်လုပ်ပါ။ ဒါမှ သင့်အားအင်တွေပြန်လည် ပြည့်ဝလာမှာဖြစ်ပါတယ်။

အရမ်းပိန်ခြင်း

သင်က ခန္ဓာကိုယ်ပိန်တဲ့သူဆိုရင် အအေးဓာတ်ကနေ သင့်ကို ကာကွယ်ပေးဖို့အတွက် လုံလောက်တဲ့ ခန္ဓာကိုယ်အဆီမရှိပါဘူး။ ခန္ဓာကိုယ်အရမ်းပိန်တာက ဇီဝဖြစ်စဉ်ကို သက်ရောက်စေပြီး သင့်ခန္ဓာကိုယ်အပူချိန် ထိန်းညှိမှုကိုလည်း ထိခိုက်စေပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
သင့်အသက်အရွယ်၊ ကျန်းမာရေးအခြေအေ နနဲ့ကိုက်ညီတဲ့ ကျန်းမာရေးနဲ့ညီညွှတ်မျှတတဲ့ အစားအစာတွေ စားသုံးပေးပါ။

သွေးလည်ပတ်မှုအားနည်းခြင်း

သွေးလည်ပတ်မှုအားနည်းတာက သွေးလွှတ်ကြောတွေကို အင်္ဂါနဲ့ တစ်ရှုးတွေကို သွေးတွေပို့လို့မရအောင် ဖြစ်စေပါတယ်။ သွေးလွှတ်ကြော ကျဉ်းမြောင်းသွားရင် ခြေထောက်နဲ့ လက်တွေသို့ သွေးစီးဆင်းမှုကို သက်ရောက်စေပြီး ချမ်းတာ၊ ထုံတာကျဉ်တာတွေဖြစ်နိုင်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
ဆရာဝန်နဲ့ပြကြည့်ပါ။ နေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ရင် သွေးလည်ပတ်မှုအားနည်းတာ ဖြစ်နိုင်ပါတယ်။

Ref: Why You’re Cold All the Time and How to Stop It
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top