Samsung ရဲ့ အပါးလွှာဆုံး Galaxy Z Fold7 နဲ့ Galaxy Z Flip7 တို့ကို (၁၇) သိန်းကျပ်အထိလျှော့စျေးနဲ့ အတန်ဆုံးရရှိနိုင်

galxy0.webp

စွမ်းဆောင်ရည်မြင့် နောက်ဆုံးပေါ် Galaxy ခေါက်စမတ်ဖုန်းတွေကို Samsung ရဲ့ တရားဝင် eStore ကနေ ဇန်နဝါရီလ (၅) ရက်၊ ၂၀၂၆ ခုနှစ် မတိုင်ခင် ဝယ်ယူရင်း ငွေသားလက်ဆောင် (၁၀) သိန်းကနေ (၁၇) သိန်းကျပ်အထိ ရရှိနိုင်မှာဖြစ်
 
Samsung Electronics Co., Ltd. ကနေ နှစ်ပေါင်းများစွာ အောင်မြင်အောင် တီထွင်ဖန်တီးနိုင်ခဲ့တဲ့ အင်ဂျင်နီယာနည်းပညာတွေနဲ့ အဆင့်မြင့်သထက်မြင့်လာတဲ့ ဉာဏ်ရည်မြင့်လုပ်ဆောင်ချက်တွေကြောင့် Galaxy Z Fold7 နဲ့ Galaxy Z Flip7 တို့ဟာ စမတ်ဖုန်းလောကရဲ့ ဆန်းသစ်တီထွင်မှုတွေကို နောက်တစ်ဆင့်ထပ်မံမြှင့်တင်ပေးနိုင်ခဲ့တဲ့ ခေါက်စမတ်ဖုန်းတွေဖြစ်လာပါတယ်။ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ အပါးလွှာဆုံးဖြစ်လာတဲ့အတွက် ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များနေတဲ့ အဆိုပါ ခေါက်စမတ်ဖုန်းအသစ်တွေကို မြန်မာနိုင်ငံမှာတော့ Samsung eStore ကနေဝယ်ယူရင် ငွေသားလက်ဆောင်တွေလည်း ရရှိနိုင်မှာဖြစ်လို့ အတန်ဆုံး ဝယ်ယူရရှိနိုင်မှာပါ။
 
Samsung ရဲ့ ငွေသားလက်ဆောင် ကို ပရိုမိုးရှင်းကာလ ဒီဇင်ဘာလ (၉) ရက်၊ ၂၀၂၅ ခုနှစ် မှ ဇန်နဝါရီလ (၅) ရက်၊ ၂၀၂၆ ခုနှစ်အထိအတွင်းသာ ရရှိနိုင်မှာဖြစ်ပြီး Galaxy Z Fold7 အတွက် (၁၇) သိန်းကျပ် နဲ့ Galaxy Z Flip7 အတွက် (၁၀) သိန်းကျပ် လက်ဆောင်ရရှိမှာ ဖြစ်တဲ့အတွက် အောက်ပါ အထူးဈေးနှုန်းများနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

  • Galaxy Z Fold7 (12/512 GB) – ၆,၇၉၉,၀၀၀ ကျပ် (ပုံမှန်စျေးနှုန်း – ၈,၅၀၀,၀၀၀ ကျပ်)
       
  • Galaxy Z Flip7 (12/512 GB) – ၄,၃၉၉,၀၀၀ ကျပ် (ပုံမှန်စျေးနှုန်း – ၅,၄၈၅,၀၀၀ ကျပ်)
       

ဉာဏ်ရည်မြင့်လုပ်ဆောင်ချက်တွေနဲ့ Ultra အဆင့်ပါးလွှာပေါ့ပါးမှုတွေကို တွေ့ရမယ့် Galaxy Z Fold7 နှင့် Z Flip7
 
Galaxy Z Fold7 နဲ့ Z Flip7 တို့ဟာ လက်ရှိအချိန်မှာတော့ Samsung ရဲ့ အပါးလွှာဆုံး၊ အပေါ့ပါးဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Z Series စမတ်ဖုန်းတွေအဖြစ်ရှိနေတာပါ။ နောက်ဆုံးပေါ် စွမ်းဆောင်ရည်နဲ့ ချောမွေ့စွာပေါင်းစပ်ထားတဲ့ Galaxy AI ကြောင့် အသုံးပြုနေသူရဲ့ လိုအပ်ချက်တွေကို အချိန်နှင့်တပြေးညီ ကြိုတင်ခန့်မှန်း၊ တုံ့ပြန်ပေးနိုင်တဲ့ ဉာဏ်ရည်ထက်မြက်ပြီး လိုက်လျောညီထွေရှိတဲ့ အဖော်မွန်ကောင်းများလည်းဖြစ်ပါတယ်။ ကျယ်ပြန့်ပြီး၊ ဖြန့်၊ ခေါက်နိုင်တဲ့ မျက်နှာပြင်၊ ပရိုအဆင့်ကင်မရာများနဲ့ ဉာဏ်ရည်မြင့်နည်းပညာတွေကြောင့် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းနဲ့ ဆက်သွယ်ချိတ်ဆက်မှုတွေကို Ultra အတွေ့အကြုံတွေနံ့ ဖန်တီးလုပ်ဆောင်နိုင်စေမှာပါ။
 
Galaxy Z Fold7 ဟာ Ultra အတွေ့အကြုံကို ပေးစွမ်းမယ့် အပါးလွှာဆုံး၊ အပေါ့ပါးဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Galaxy Z Series စမတ်ဖုန်းပဲဖြစ်ပါတယ်။ ဂိမ်းကစားမှု၊ တိုက်ရိုက်ကြည့်ရှုမှု၊ ဆက်သွယ်ချိတ်ဆက်မှုနဲ့ ဖန်တီးလုပ်ဆောင်မှုစတဲ့ လုပ်ဆောင်ချက်များစွာကို ကျယ်ပြန့်တဲ့မျက်နှာပြင်မှာ စွမ်းဆောင်ရည်မြင့်စွာ တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်စေမှာပါ။ အစစ်မှန်ဆုံး AI အဖော်မွန်အဖြစ် ရှိပေးမယ့် Galaxy AI လုပ်ဆောင်ချက်တွေကိုလည်း ခေါက်ထားချိန်မှာဖြစ်စေ၊ ဖြန့်ထားပြီး ပိုမိုကျယ်ပြန့်တဲ့ မျက်နှာပြင်မှာဖြစ်စေ ကောင်းမွန်ချောမွေ့စွာ သုံးစွဲနိုင်မှာပါ။ Gemini Live လုပ်ဆောင်ချက်မှာလည်း ကင်မရာနဲ့ မျက်နှာပြင်က အချက်အလက်တွေကို Gemini လုပ်ဆောင်ချက်အတွက် တိုက်ရိုက်မျှဝေပြီး သဘာဝကျကျ မေးမြန်းဆွေးနွေးနိုင်စေဦးမှာဖြစ်ပါတယ်။ Ultra အဆင့် 200 MP High-resolution ကင်မရာကလည်း ပရိုဆန်ဆန် အရည်အသွေးမြင့် ရိုက်ကူးမှုတွေ ပြုလုပ်နိုင်စေပြီး Generative Edit စတဲ့ လုပ်ဆောင်ချက်တွေကလည်း ဓာတ်ပုံတွေကို စိတ်တိုင်းကျ လွယ်ကူစွာ ပြုပြင်ဖန်တီးနိုင်စေဦးမှာပါ။ အဆိုပါ စွမ်းရည်မြင့် လုပ်ဆောင်ချက်တွေအပြင် ထူးခြားလှပတဲ့ အသွင်သစ်နဲ့ ကြံ့ခိုင်တဲ့ ဒီဇိုင်းတွေကြောင့် Galaxy Z Fold7 က Ultra သုံးစွဲမှုအတွေ့အကြုံကိုရရှိနိုင်စေမှာဖြစ်ပါတယ်။
 
Galaxy Z Flip7 ကိုတော့ အမြင့်မားဆုံးစွမ်းဆောင်ရည်၊ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုမိုပေါ့ပါးကျစ်လစ်တဲ့ အထင်ကရပုံစံအဖြစ် ခွဲထုတ်ဖန်တီးပေးထားတာဖြစ်ပါတယ်။ အဆုံးအစမဲ့ ကျယ်ပြန့်တဲ့ FlexWindow ကြောင့် ခေါက်ထားချိန်မှာတောင် အကောင်းဆုံးလုပ်ဆောင်ချက်တွေပြုလုပ်နိုင်ပြီး ဆက်သွယ်ချိတ်ဆက်နိုင်စေမှာပါ။ တက်ကြွသွက်လက်တဲ့ နေထိုင်မှုပုံစံအတွက် အထူးဖန်တီးပေးထားတဲ့ Galaxy Z Flip7 ဟာ အလှပဆုံး Selfie ဓာတ်ပုံများကနေ ရုပ်ရှင်ဆန်တဲ့ ရိုက်ချက်တွေနဲ့ ဗီဒီယိုတွေအထိ စိတ်တိုင်းကျဖန်တီးမျှဝေနိုင်စေပါတယ်။ Now Bar လုပ်ဆောင်ချက်ကလည်း အသုံးပြုသူရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် အထောက်အကူပြုမယ့် အသိပေးချက်တွေကို FlexWindow ကနေ အလွယ်တကူ ကြည့်ရှုနိုင်အောင်ပြသပေးပါတယ်။ Gemini Live ကိုလည်း FlexWindow မှာပါ အသုံးပြုနိုင်ပြီး Galaxy Z Flip7 ကို လက်နဲ့တောင်ကိုင်ထားရန်မလိုဘဲ အချိန်နဲ့တပြေးညီ Gemini နဲ့ ဆက်သွယ်လုပ်ဆောင်နိုင်စေမှာပါ။ FlexCam selfies နဲ့ ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေကို လိုသလိုပြုပြင်ဖို့အတွက် Filters လုပ်ဆောင်ချက်ကို FlexWindow မှာ ချက်ချင်းအသုံးပြုပြီး မျှဝေနိုင်စေမယ့်အပြင် Portrait Studio မှာလည်း အိမ်မွေးတိရိစ္ဆာန်လေးများရဲ့ပုံကိုပါ အနုပညာလက်ရာပုံများအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဦးမယ့် လုပ်ဆောင်ချက်အသစ်တွေပါဝင်လာပါသေးတယ်။
 
Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်သစ်များနဲ့ပတ်သတ်ပြီး အသေးစိတ် ထပ်မံသိရှိလိုရင်တော့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung Showroom များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများ၊ Samsung Myanmar ၏ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာ ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။
 
#Samsung #GalaxyZFold7 #GalaxyZFlip7 #GalaxyAI

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top