အသစ်စက်စက် ဆွဲဆောင်မှုအတွေ့အကြုံ – ကျက်သရေရှိပြီး အဆင်မြင့်ဒီဇိုင်းများနှင့် V30e လာပြီ

4.5.24-yyl-1.jpg

စျေးကွက်ရှေ့ဆောင်နည်းပညာ အမှတ်တံဆိပ်တစ်ခု ဖြစ်သည့် vivo သည် ၎င်း၏ နောက်ဆုံးဝင်ရောက်လာသော နာမည်ကျော် V seires စတင်မိတ်ဆက် မည့်ရက်ကို ကြေညာလိုက်သည်။ vivo က V30 ၏ အောင်မြင်မှုကို အခြေခံပြီး အများမျှော်လင့်နေသည့် V30e ကိုမိတ်ဆက်ရန် စီစဉ်ထားသည်။ အဆိုပါမော်ဒယ်အသစ်မှ တက်ကြွသော ဆန်းသစ်တီထွင်မှု၊ ယဉ်ကျေးမှုများကို ထင်ဟပ်စေကာ ၎င်း၏ ထင်ရှားကျော်ကြားသော V series ကို မြှင့်တင်ရန် vivo ၏ တစိုက်မတ်မတ်ကြိုးစားနေမှုကို ပေါ်လွင်ထင်ရှားစေသည်။ vivo V30e သည် စံသတ်မှတ်ချက်အသစ်များကို ချမှတ်မည်ဟုကတိပြုကာ သာလွန်ကောင်းမွန်သော ကင်မရာစွမ်းရည်များ၊ လက်ရာမြောက်သော ဒီဇိုင်းနှင့်အတူ မိုဘိုင်းနည်းပညာအတွက် ဆွဲဆောင်မှု အရည်အသွေးနှင့် မျှော်လင့်ချက် အသစ်တွေကို ပြန်လည်ဖြည့်စွက် ထားခြင်းဖြစ်သည်။

ထူးခြားသည့် ဒီဇိုင်းရှိခြင်းသည် V series အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ပါသည်။​ ဆွဲဆောင်မှု အရည်အသွေးမြင့်မားစွာြဖင့် V30e တွင် ထိတွေ့မှုနှင့် အမြင်အာရုံ နှစ်ခုစလုံးအတွက် ခေတ်မှီ ဆန်းကြယ်ပြီး luxury ခံစားချက်ကို ဖြစ်စေနိုင်သော 120 Hz 3D Curved Screen အား တပ်ဆင်ပေးထားသည်။​ V30e ဖန်တီးရာတွင် vivo ၏ တစ်စိုက်မတ်မတ် ကြိုးစားမှုကို အခြေခံကာ သုံးစွဲသူတို့အတွက် ရိုးရှင်းခြင်း၊ ကျက်သရေရှိပြီး အဆင်မြင့်ရုပ်ထွက်ခံစားမှုကို ပေးနိုင်ဖို့အတွက် ဇိမ်ခံပစ္စည်းများနှင့် သဘာဝ တို့၏ ဂန္ဓဝင်မြောက်လှသော အရောင်များကို ကိုယ်စားပြုကာ Classy Brown, နှင့် Sunny Green နှင့် ဆိုပြီးထုတ်လုပ်ထားသည်။ အဆင့်မြင့် နာရီများ၏ ဒီဇိုင်းကို နမူနာပြုကာ V30e ၏ကင်မရာ module ကို Bezel နှင့် Sunburst texture ဖြင့်အလှဆင်ထားပြီး၊ ဘဝ၏အမှတ်တရ အခိုက်အတန့်တိုင်းကိုသက်သေပြနိုင်ရန်အတွက် “Time Messenger” အဖြစ် ပြောင်းလဲထားသည်။

V Series များ၏ နောက်ဆုံးထွက်ရှိမှုနှင့်အတူ အဆင့်မြင့်မြင့် ဖြည့်စွက်ဖန်တီး ထားသော အတွေ့အကြုံများကို မျှော်လင့်နိုင်မည်ဖြစ်သည်။​ V30e က ရည်မှန်းထားသည့်အတိုင်း portrait photography တွင်တွေ့ရများသည့် ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်မည့် Aura Light Portrait ကိုအဆင်မြှင့်တင်နိုင်ခဲ့သည်။ ကျောဘက်ကင်မရာမှာ ပါရှိတဲ့ Aura Light ကလည်း ပိုမိုနူးညံ့ပြီး ပြိုးပြိုးပြက်ပြက်မရှိဘဲ တောက်ပနိုင်အောင် အလုံးစုံ အဆင်မြှင့်တင်ထားသည်။ Smart Color Temperature Adjustment ကလည်း ညွှန်းဆိုရကျိုးနပ်ပြီး အရာဝတ္ထု နှင့် ရှုခင်းတွေကို ပိုမိုသဟဇတဖြစ်စေသည်။​

အသစ်မွမ်းမံထားသော Sony IMX882 Camera ကြောင့် photosensitivity ကို မယုံနိုင်လောက် အောင်တိုးတက်လာခဲ့ပြီး အလင်းအားနည်းသော အခြေအနေများတွင်ပင် တည်ငြိမ်၊ ကြည်လင်ပြီး အရည်အသွေးမြင့် ဓာတ်ပုံများကို ရိုက်ကူးနိုင်ကာ အံ့သြဖွယ်ကောင်းသော ရိုက်ကူးမှု အတွေ့အကြုံကို ညဘက် သို့မဟုတ် နေ့ဘက်တွင်ပါ ရရှိနိုင်မှာဖြစ်သည်။​ ၎င်း၏ 2x Professional Portrait Mode သည် ပိုမိုသဘာဝကျသော အသွင်အပြင်ရရှိရန် ပုံမမှန်မှုကိုလျှော့ချပေးပြီး တကယ်ပုံရိပ်ကို အနီးစပ်ဆုံးခံစား သိရှိနိုင်မယ့် အတွေ့အကြုံကို ဖန်းတီးပေးနိုင်မည်ဖြစ်သည်။ V30e မှာ အဓိက ကင်မရာကို ပိုမိုအားကောင်းစေရန်အတွက် ရှုခင်းပုံတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖမ်းယူနိုင်ပြီး ပုံရိပ်၏ အတိမ်အနက်ကိုပါ ထပ်ပေါင်းနိုင်သည့် ၁၂၀ ဒီဂရီ မြင်ကွင်းပါဝင်သော 8 MP Wide-Angle Camera ကိုပါထည့်သွင်းထားပါသည်။​

အသစ်ထွက်ရှိလာတော့မည့် vivo V30e နှင့်ပတ်သက်၍ vivo Myanmar ရဲ့ CEO ဖြစ်သူ Mr. Nelson Ni မှပြောကြားရာတွင် “vivo V series ကတော့ ပြောင်မြောက်တဲ့ ဒီဇိုင်းနဲ့ ထူးခြားတဲ့ ဓာတ်ပုံပညာရပ်တွေကို ပေါင်းစပ်နိုင်ဖို့အတွက် vivo​ ရဲ့ တစိုက်မတ်မတ် ဆောက်ရွက်နေတယ်ဆိုတဲ့ကတိကဝတ်အတွက် သက်သေပြချက်တစ်ခုဖြစ်ပါတယ်။ အသစ် ထွက်လာမယ့် V30e က Aura Light Portrait နဲ့ high-end ဒီဇိုင်းအတွက် ကြီးမားတဲ့တိုးတက်မှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေကိုပိုင်ဆိုင်ထားပါတယ်။ ရှေ့ဆက်ပြီး vivo အနေနဲ့ ဆင့်ကဲဖြစ်စဉ်မှာ ဆက်လက်တည်ရှိနေဖို့ အသင့်ရှိနေပြီး သုံးစွဲသူတွေရဲ့ မျှော်မှန်းချက်တွေကို ကျော်လွန်ကာ ဖြည့်ဆည်းပေးရုံသာမကဘဲ ဆန်းသစ်တီထွင်ထားတဲ့ ထုတ်ကုန်တွေကိုပါ တီထွင်ဖန်တီးနေခြင်းဖြစ်ပါတယ်​”​ ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

V30 နှင့် နှိုင်းယှဉ်ပါက V30e တွင် 44W FlashCharge ပါ၀င်သည့် 5500 mAh Battery သည် Super Battery Saver နှင့် တွဲလျက်ပါရှိသောကြောင့် ကြာရှည်စွာ ဘက်ထရီသက်တမ်းကို ထိန်းသိမ်းပေးနိုင်ကာ တစ်နေကုန် စိတ်ပူစရာမလိုသော အသုံးပြုသူ အတွေ့အကြုံကို ပေးနိုင်မှာဖြစ်သည်။ Software နှင့် Hardward ကိုပိုမိုကောင်းမွန်အောင် စေ့စပ် သေချာသော လုပ်ဆောင်မှုများကြောင့် V30e ၏ ဘက်ထရီသက်တမ်းသည် စက်မှုလုပ်ငန်း ၏စံနှုန်းထက် နှစ်ဆကျော် ကျော်လွန်နေပြီး ဘက်ထရီ သတ်တမ်းအတွက် ကိုလည်း ၄ နှစ်အာမခံပေးထားပါသည်။

Extended RAM နည်းပညာသည် 8 GB + 8 GB ၏နောက်ထပ် အဆင့်မြှင့်မှုကို ရရှိထားပြီး memory ချဲ့ထွင်ရန်အတွက် သိုလှောင်ရန်နေရာကို ပိုမိုအသုံးပြုနိုင်ရန် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးထားပါသည်။ ထို့အပြင် Qualcomm Snapdragon® 4 nm 5G Processor ကလည်း အလွန်နိမ့်သော စွမ်းအင်သုံးစွဲမှုနှင့် ကောင်းမွန်သောစွမ်းဆောင်ရည်ကို အထောက်အပံ့ပေးထားပါသည်။

vivo အနေဖြင့် ငွေကြေးအများကြီးမကုန်ကျဘဲ စွမ်းဆောင်ရည်မြင့် ဖုန်းတစ်လုံးကို လူတိုင်းရရှိနိုင်ရေးကို သက်သေပြနိုင်ရန်အတွက် တစိုက်မတ်မတ် ရည်စူးထားပါသည်။ စိတ်လှုပ်ရှားစရာအခိုက် အတန့်များရောက်ရှိမည့် မေလ ၁၃ ရက်နေ့တွင် လူကြီးမင်းတို့၏ ပြက္ခဒိန်တွင် မှတ်သားထားပါ။ ဆန်းသစ်တီထွင်မှုများနှင့် ဒီဇိုင်းစံနှုန်းအသစ်များကို သတ်မှတ်ကာ စမတ်ဖုန်းလုပ်ငန်းကို ပြန်လည် သတ်မှတ်ရန် vivo ကိုနောက်ထက်တစ်ကြိမ် ပြန်လည်ကြည့်ရှုလိုက်ပါ။​

vivo ၏နောက်ဆုံးသတင်းများကိုhttps://www.vivo.com/en/aboutvivo/news တွင် ဖတ်ရှုနိုင်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top