ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းခဲ့တဲ့ အကျဉ်းသား ၂၀ သေဆုံး

prison-break_01.jpg

ဘရာဇီးနိုင်ငံမြောက်ပိုင်း ဘီလမ်မြို့က အကျဉ်းထောင်တစ်ခုမှာ ထောင်သားအများအပြား သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီထောင်က အကျဉ်းသားတွေဟာ အကျဉ်းထောင်နံရံတွေကို ဖောက်ပြေးဖို့ ကြိုးပမ်းခဲ့ချိန်အတွင်း အခုလိုမျိုး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ပေါက်ကွဲစေတဲ့ပစ္စည်းတွေ အသုံးပြုကာ ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ထောင်အပြင်ဘက်ကနေ အကျဉ်းသားတွေကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ထောင်ဖောက်ပြေးဖို့ ကြိုးပမ်းမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦး သေဆုံးခဲ့သလို အကျဉ်းသားနဲ့ ထောင်အပြင်ဘက်ငနေ ကူညီပေးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့မှလူ ၁၉ ဦးလည်း သေဆုံးသွားခဲ့ပါတယ်။ Santa Izabel အကျဉ်းထောင် အဆောက်အဦမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ ပရာပြည်နယ် လုံခြုံရေး ဝန်ဆောင်မှုအဖွဲ့ကပြောပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ၄ဦး ဒဏ်ရာရခဲ့ပြီး အဲဒီ ဒဏ်ရာရသူတွေထဲတစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေနေမျိုး ရှိနေပါတယ်။ လုံခြုံရေးအဖွဲ့တွေက အကျဉ်းထောင်အစောင့်တွေဟာ ထောင်အတွင်းပိုင်းနဲ့ ထောင်အပြင်ဘက်ပိုင်းမှာ တိုက်ခိုက်သူတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုထားပါတယ်။ လက်ရှိအချိန်မှာ အာဏာပိုင်တွေက အကျဉ်းသားတွေ ထောင်အတွင်းက လွတ်မြောက်ဖို့ ကြိုးပမ်းမှု ရှိ၊ မရှိဆိုတဲ့အချက်ကို စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဘရာဇီးနိုင်ငံ အမေဇွန် ပြည်နယ် မာနာအက် မြို့ အကျဉ်းထောင်မှာ ထောင်အတွင်း ဆူပူမှုဖြစ်ခဲ့လို့ လူပေါင်း ၅၆ ဦး သေဆုံးခဲ့ရပါသေးတယ်။

Ref: www.bbc.com

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top