ကိုယ်ခန္ဓာအစိတ်အပိုင်းလှူဒါန်းပေးခဲ့တဲ့ သူနာပြုကို လုပ်ဖော်ကိုင်ဖက်တွေက တန်းစီဂုဏ်ပြု

190610_gma_digital_nurse_hpMain_16x9_992-1.jpg

အသက် (၅၈) နှစ်ရှိပြီဖြစ်တဲ့ မေရီ ဒီစင် (Mary Desin) အမည်ရ သူနာပြုဟာ သူ့ရဲ့ဘဝကို အနှစ် (၃၀) ကြာအောင် ဆေးပညာလောကမှာ နှစ်မြှုပ်ထားခဲ့သူဖြစ်ပြီး မေလ (၃၁) ရက်နေ့မှာတော့ ဦးနှောက်သွေးကြောပေါက်ကာ သေဆုံးသွားခဲ့ပါတယ်။ ဒီစင်ဟာ သူ(မ)ရဲ့ သူနာပြုလုပ်သက်တစ်လျှောက်လုံးမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဒီစင်ဟာ သူ မသေဆုံးခင်လေးမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းပေးခဲ့ပါတယ်။ သူ ခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းဖို့ သွားတဲ့လမ်းတစ်လျှောက်မှာ အယောက် (၁၀၀) ကျော်လောက်ရှိတဲ့ ဆေးရုံဝန်ထမ်းတွေဟာ စီတန်းကာရပ်စောင့်နေခဲ့ကြပါတယ်။

အောက်စီဂျင်အကူအညီနဲ့ နှလုံးခုန်နေသေးတဲ့ ဒီစင်ရဲ့ခန္ဓာကိုယ်ဟာ ဆေးရုံကုတင်ပေါ်ကနေပြီး သူ(မ)ကို စောင့်ကြိုရပ်တန့်နေကြတဲ့ UPMC Hamot ဆေးရုံဝန်ထမ်းတွေရှေ့ကနေဖြတ်ပြီး ဂုဏ်ပြုလျှောက်လှမ်းခြင်း ခံယူခဲ့ပါတယ်။

ဒီစင်ရဲ့သားဖြစ်သူက “ဒီအရာက ကျွန်တော့်ကို အရမ်းခံစားရစေပါတယ်။ လူတိုင်းနီးပါးက ငိုနေကြတာပါ။ ကျွန်တော်မသိတဲ့သူတွေကတောင် ကျွန်တော့်ဆီလာပြီး သူတို့ ဒီစင့်ကို ဘယ်လောက်ချစ်ကြောင်း၊ ဒီစင် သူတို့ကို ဘယ်လိုကူညီပေးခဲ့ဖူးကြောင်းတွေ လာပြောပြကြတာပါ” လို့ ဆိုပါတယ်။

Health Resources and Services Administration ရဲ့ပြောကြားချက်အရ (၁၀) မိနစ်တိုင်း (၁၀) မိနစ်တိုင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးခွဲစိတ်ဖို့ လူတစ်ယောက်တိုးလာနေပြီး (၂၀၁၈) ခုနှစ်အတွင်း ခန္ဓာကိုယ်အစားထိုးခွဲစိတ်မှုပေါင်း (၃၆,၀၀၀) ကျော်ပြုလုပ်နိုင်ခဲ့တယ်လို့ Organ Procurement and Transplantation Network ကဆိုပါတယ်။

ဒီစင်ဟာ ခရီးသွားရတာကိုနှစ်သက်ပေမဲ့လို့ သူတို့မိသားစုရဲ့လိုအပ်ချက်တွေနဲ့ ငွေရေးကြေးရေး အခက်အခဲတစ်ချို့ကြောင့် ခရီးအများကြီးမသွားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မိသားစုတွေအနေနဲ့ အသက်ရှိစဉ်အတွင်း ဒီစင်ကို ခရီးများများမပို့ပေးနိုင်လို့ စိတ်မကောင်းဖြစ်ခဲ့ရပေမဲ့လည်း အခုလိုမျိုး သူ(မ)ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကို လိုအပ်နေတဲ့လူပေါင်းစုံဆီ လှူဒါန်းပေးလိုက်ပြီမို့ ဒီစင် နေရာပေါင်းစုံကို ခရီးထွက်နိုင်လောက်ပြီးဆိုပြီး ဖြေသိမ့်နေကြရတာပဲ ဖြစ်ပါတယ်။

ဒီစင့်ကို လုပ်ဖော်ကိုင်ဖက်တွေ ရပ်စောင့်ဂုဏ်ပြုနေကြတဲ့ ဗီဒီယိုလေးကိုတော့ အောက်ကလင်ခ့်ကနေ ကြည့်ရှူလို့ရပါတယ်။

https://youtu.be/aZxIAaGmD6Q

Ref : abc.new.go.com “Hospital employees line halls to honor late nurse who became organ donor”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top