အမျိုးသမီးဝန်ကြီး တဝက်ပါဝင်လာတဲ့ တောင်အာဖရိကအစိုးရအဖွဲ့

61322437_2403436376353935_6496305873931993088_n.jpg

တောင်အာဖရိကနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဝန်ကြီး အရေအတွက်တဝက်ပါတဲ့ အစိုးရဝန်ကြီးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဘယ်သူမျှ မျှော်လင့်မထားတဲ့ကိစ္စကို သမ္မတ ရာမာဖိုဆာက ကြေညာခဲ့တာပါ။ အဲဒီထက် ပိုပြီးအံ့အားသင့်စရာကောင်းတာကတော့ အတိုက်အခံပါတီက အမျိုးသမီးဝန်ကြီးတစ်ဦး ပါဝင်လာတဲ့ဖြစ်ရပ်ပါပဲ။

သမ္မတ ရာမာဖိုဆာဟာ Good Party ရဲ့ အတိုက်အခံနိုင်ငံရေးသမား ဒီလိုင်လီကို အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရာမာဖိုဆာဟာ အစိုးရဝန်ကြီးအဖွဲ့အရေအတွက်ကို (၃၆) ဦးကနေ (၂၈) ဦးအထိ လျှော့ချခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ အကျင့်ပျက်ခြစားမှုတွေကို အမြစ်ပြတ် တိုက်ဖျက်သွားမယ်လို့ ရာမာဖိုဆာက ကတိပြုထားပေမဲ့ မာဘူဇာကို ဒုတိယသမ္မတအဖြစ် ခန့်အပ်ထားလို့ လူအများ အံ့အားသင့်ခဲ့ကြပါတယ်။ မာဘူဇာဟာ သမ္မတဟောင်း ဂျက်ကော့ဇူးမားရဲ့ မဟာမိတ်ဖြစ်ပြီး နိုင်ငံရေးသတ်ဖြတ်မှု၊ တရားမဝင်တင်ဒါခေါ်ယူမှုတွေနဲ့ စွပ်စွဲခံခဲ့ရသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top