ကမ်းခြေက သဲတွေပေါ်မှာ ဧရာမပန်းချီတွေ ရေးဆွဲတဲ့ ပြင်သစ်ပန်းချီပညာရှင်

18-1-2023-yyl-155.jpg

ပြင်သစ်ပန်းချီပညာရှင် ဂျေဘမ်ဟာ ရိုရမ်ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ ဧရာမပန်းချီတွေ ဖန်တီးရေးဆွဲပါတယ်။ သူ့ရဲ့လက်ရာဒီဇိုင်းတွေက အတော်လေးအနုစိတ်လှပါတယ်။ တချို့လက်ရာတွေက ခရုပတ်ပုံလို အရစ်အရစ်တွေရေးဆွဲပုံဖော်ထားတာဖြစ်ပြီး တချို့ကတော့ ဇာတ်ကောင်တွေကို ပေါင်းစပ်ပုံဖော်ရေးဆွဲထားတာပါ။ အပေါ်စီးကနေကြည့်မှသာ သူ့ရဲ့ပန်းချီတွေ လက်ရာမြောက်တာကို သေချာမြင်တွေ့ရနိုင်ပါတယ်။ ဂျေဘမ်ရဲ့လက်ရာတွေက အရွယ်အစားအမျိုးမျိုးပါပဲ။

ဂျေဘမ်ရဲ့ဧရာမပန်းချီတွေက ခဏပါပဲ။ ဒီရေတတ်လာတာနဲ့ ပျောက်ကွယ်သွားတာကြောင့် အချိန်က အနှစ်သာရပါပဲ။ ဒီရေမတတ်ခင်ကြား ဧရာမပန်းချီတစ်ပုံကို ဖန်တီးဖို့အတွက် အချိန် (၄) နာရီ ရှိပါတယ်။ ဂျေဘမ်က ဆွဲပြီးသွားတဲ့သူ့လက်ရာတွေကို ဓာတ်ပုံရိုက်ဖို့ ဒရုန်းကို အသုံးပြုပါတယ်။ ရေးဆွဲနေတဲ့အချိန်အတွင်း အချိန်မရတာကြောင့် ပြီးသွားမှသာ သူ့ရဲ့လက်ရာတွေကို အပေါ်စီးက ရိုက်ပြီး ကြည့်ရပါတယ်။ ပြီးရင် သူ့ရဲ့လက်ရာတွေကို ပင်လယ်ရေက ဝါးမမြိုခင် ကြည့်ရှုခံစားပါတယ်။ ဂျေဘမ်က သူ့ရဲ့ဧရာမပန်းချီပုံတွေကို သူ့ရဲ့အင်စတာဂရမ် jbenart မှာ တင်ပေးပါတယ်။

Ref: Upworthy “Beach artist creates the most intricate designs and then waits for them to be washed away by the tide”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top