ရွှေ့ပြောင်းနေထိုင်သူအရေးကြောင့် မက္ကဆီကိုနိုင်ငံရဲ့ သွင်းကုန်ပစ္စည်းအားလုံးကို အခွန်စည်းကြပ်လိုက်တဲ့ အမေရိကန်

61654785_2403436446353928_7585783036470362112_n.jpg

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တားဆီးပိတ်ပင်ဖို့ ကြိုးစားတဲ့အနေနဲ့ မက္ကဆီကိုနိုင်ငံရဲ့ သွင်းကုန်ပစ္စည်းအားလုံးကို အခွန်စည်းကြပ်လိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။ ဇွန်လ (၁၀) ရက်နေ့ကစပြီး မက္ကဆီကိုနိုင်ငံရဲ့ သွင်းကုန်ပစ္စည်းအားလုံးကို အခွန် (၅) ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်သလို တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုပြဿနာကို မဖြေရှင်းနိုင်ရင် တစ်လစီတိုင်းမှာ အခွန်ငွေ (၅) ရာခိုင်နှုန်း တိုးမြှင့်သွားမယ်လို့ ဒေါ်နယ်ထရမ့်က တွစ်တာပေါ်မှာ ရေးသားဖော်ပြပါတယ်။

အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ်က ကပ်ဘေးဆိုက်နေပြီလို့ ဒေါ်နယ်ထရမ့်က မှတ်ချက်ပေးခဲ့ပြီး အဲဒီအခြေအနေကို တွန်းလှန်ဖို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အမျိုးသားအရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မေလအတွင်းမှာ တရားသူကြီးတစ်ဦးက ဒေါ်နယ်ထရမ့်ရဲ့ကြေညာချက်ကို ပိတ်ပင်ခဲ့ပါတယ်။ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတွေနဲ့ ကုန်သွယ်ရေးစာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ပြင်ဆင်နေတယ်လို့ အိမ်ဖြူတော်က လွှတ်တော်ထံ တင်ပြခဲ့တဲ့နေ့မှာပဲ ဒေါ်နယ်ထရမ့်က အခွန်စည်းကြပ်မယ့်ကိစ္စကို ကြေညာလိုက်တာပါ။ မြောက်အမေရိကဆိုင်ရာ မက္ကဆီကိုနိုင်ငံ ထိပ်တန်းသံအမတ်ကတော့ အခွန်စည်းကြပ်မှု အကျုံးဝင်လာတာနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။ ထောလပတ်သီးနဲ့ တက်ကီလာအရက် လှိုင်လှိုင်ထွက်တယ်လို့ နာမည်ကျော်ကြားတဲ့ မက္ကဆီကိုနိုင်ငံဟာ စက်ရုံလုပ်ငန်းတွေအတွက် အချက်အချာကျတဲ့နေရာဖြစ်ပြီး Ford၊ General Motors၊ John Deere၊ IBM နဲ့ Coca Cola စတဲ့ အမေရိကန်ကုမ္ပဏီတွေကလည်း မက္ကဆီကိုနိုင်ငံမှာ လည်ပတ်နေကြတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top