၂၀၁၉ မှာ ဒစ္စနေးကနေ ပွဲထုတ်လာမယ့် အာလာဒင်ရုပ်ရှင်ရဲ့ First Look ပုံရိပ်တွေ ထွက်ရှိလာ

48388716_373179700105443_7617456259909812224_n.jpg

ဒစ္စနေးရုပ်ရှင်ကနေ မီးခွက်စောင့်ဘီလူးနဲ့ အာလာဒင် ကာတွန်းဇာတ်လမ်းကို Live-Action အနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ အာလာဒင်ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ ပွဲထုတ်လာတော့မှာ ဖြစ်ပါတယ်။ ပရိသတေ်တွ ရင်ခုန်စောင့်စားနေတဲ့ နေ့ရက်တွေ နီးကပ်လို့လာခဲ့ပါပြီ။

ကနေဒါသရုပ်ဆောင်မင်းသား မီနာမက်ဆူး (Mena Massoud) က အာလာဒင်အဖြစ်ပါဝင်မှာဖြစ်ပြီး ဗြိတိန်-အိန္ဒိယ သွေးနှော မင်းသမီးချောလေး နာအိုမီစကော့ (Naomi Scott) ကို ဂျက်စမင် ဇာတ်ကောင်အဖြစ် တွေ့မြင်ကြမှာပါ။ ဒါ့အပြင် ထူးခြားမှုက ပရိသတ်တွေအထူးစိတ်ဝင်စားနေတဲ့ မီးခွက်စောင့်ဘီလူး ကာရိုက်တာနဲ့ အသုံးတော်ခံမယ့် မင်းသားကြီး ဝီလ်စမစ်ရဲ့ ပုံရိပ်တွေပါပဲ။ Entertainment Weekly ကနေ အာလာဒင်ရုပ်ရှင်ရဲ့ Exclusive First-Look တွေကို ဖော်ပြလာခဲ့တဲ့နောက်မှာ ထုံးစံအတိုင်း အင်တာနက်ပေါ်က ဝေဖန်မှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဝီလ်စမစ်ရဲ့ အင်စတာဂရမ်ပေါ်က အတည်ပြုချက်အရ မီးခွက်စောင့်ဘီလူးကြီးကို CGI အသုံးပြုပြီး အပြာရောင်အသွင်အပြင်ဖန်တီးထားမှုနဲ့သာ ရုပ်ရှင်ထဲမှာ အများဆုံး မြင်တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီမျက်နှာဖုံးဒီဇိုင်းထဲမှာ ဖော်ပြခဲ့တဲ့ ဂျီနီရဲ့ပုံရိပ်ကတော့ အာဂရာဘာ (Agrabah) တိုင်းပြည်မှာ လျှောက်သွားနေချိန် ဂျီနီရဲ့လူသားပုံစံအဖြစ် ယာယီ ပြောင်းလဲမှုသာ ဖြစ်တယ်လို့ ဝီလ်စမစ်က ဆိုပါတယ်။

CGI နဲ့ ဖန်တီးထားတဲ့ ဂျီနီရဲ့ အပြာရောင်အသွင်အပြင်ကိုတော့ အပြီးသတ်နိုင်ခြင်းမရှိသေးတာကြောင့် မျှော်လင့်စောင့်စားနေတဲ့ ပရိသတ်တွေအတွက် ပွဲထုတ် မိတ်မဆက်ပေးနိုင်ခြင်း မရှိသေးပါဘူး။

သို့ပေမယ့်လို့ ထူးခြားတဲ့လက်ရာဆန်းဆန်းတွေကို အမြဲလိုလို ဖန်တီးတတ်တဲ့ ဒါရိုက်တာ ဂိုင်းရစ်ချီရဲ့ အားထုတ်မှုနဲ့ အာလာဒင်ရုပ်ရှင်မှာ ဘယ်လိုအရသာတွေ အသစ်ထွက်ပေါ်လို့လာမလဲဆိုတာ ရင်တခုန်ခုန်နဲ့ ဆက်လက်မျှော်လင့်ချင်စရာကောင်းနေတာကတော့ အသေအချာပါပဲ။

Ref: comicbook.com “Aladdin’ Star Will Smith Confirms Genie Will Be Blue”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top