ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် ဂျက်စတင်နဲ့ အာရီယာနာတို့ပူပေါင်းပြီး သီချင်းတစ်ပုဒ် ထွက်ရှိမယ်

4-5-2020-yyl-012.jpg

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေချိန်မှာ ကိုယ်ကျိုးမကြည့်ဘဲ အများကျိုးအတွက် ရောဂါတိုက်ဖျက်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို နာမည်ကြီးအနုပညာရှင်တွေက တစ်နည်းမဟုတ်တစ်နည်းနဲ့ ပံ့ပိုးကူညီပေးနေပါတယ်။ အခုလည်း ပေါ့စ်စူပါစတား (၂) ဦးဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ အာရီယာနာ ဂရန်ဒီတို့ဟာ ပထမဆုံးအနေနဲ့ နှစ်ယောက်ပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ရှေ့တန်းကနေ ထွက်တိုက်နေတဲ့ အရေးပေါ်ကျန်းမာရေးဝန်ထမ်းတွေရဲ့ သား၊သမီးတွေအတွက် ပညာသင်ထောက်ပံ့ငွေရရှိဖို့ ရန်ပုံငွေရှာတဲ့အနေနဲ့ သီချင်းတစ်ပုဒ်ထွက်ရှိတော့မှာဖြစ်တယ်လို့သိရပါတယ်။

ဂျက်စတင်နဲ့ အာရီယာနာတို့ ပူပေါင်းသီချင်းမယ့် သီချင်း Stuck With U ကို မေလ (၈) ရက်နေ့မှာ ထွက်ရှိမှာဖြစ်ကြောင်းကို စူပါစတားနှစ်ဦးက အင်စတာဂရမ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့သီချင်းStreaming နဲ့ ရောင်းချမှုကနေ ရရှိမယ့် အသားတင်ငွေတွေ အားလုံးကို ကပ်ရောဂါအတွင်း အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းတွေရဲ့သား၊သမီးတွေအတွက် ပညာသင်ထောက်ပံ့ကြေးရန်ပုံငွေရရှိဖို့ the First Responders Children’s Foundation ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဂျက်စတင်နဲ့ အာရီယာနာတို့က အမေရိကန်နိုင်ငံမှာ နာမည်ကြီးတဲ့ သက်တူရွယ်တူ လူငယ်အဆိုတော်(၂) ဦးဖြစ်ပြီး သူတို့ဟာ နှစ်ယောက်ပေါင်းပြီး တစ်ခါမှ သီချင်းမထွက်ရှိခဲ့ဖူးပါဘူး။ “ဒါနဲ့ ပြောင်းလဲမှုတွေ လုပ်နိုင်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။ သင်တို့ကို စိတ်ချမ်းသာအောင်၊ ပျော်ရွှင်လုပ်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်” လို့ အာရီယာနာ ဂရန်ဒီက ပြောပါတယ်။ ဒီသီချင်းတစ်ပုဒ်က အခုနှစ်အတွင်းမှာ ပရဟိတတွေအတွက် အကျိုးရှိမယ့် ပထမဆုံးသီချင်းပါလို့လည်း စူပါစတားနှစ်ဦးလုံးရဲ့ စီစဉ်သူ Scooter Braun က ပြောပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ (၃,၅၆၆,၃၃၀) ဦးနဲ့ သေဆုံးသူ (၂၄၈,၂၈၆) ဦးရှိနေပြီဖြစ်ပါတယ်။ ရောဂါကူးစက်ခံရမှုအများဆုံးနိုင်ငံကတော့ ကူးစက်ခံရသူ (၁၁,၈၈၈,၁၂၂) ဦးနဲ့ အမေရိကန်နိုင်ငံဖြစ်ပါတယ်။

Ref: Justin Bieber, Ariana Grande team up, release song to benefit frontline workers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top