COVID-19 ကြောင့် ဘွဲ့မယူရသေးတဲ့ Wright State University က ဘွဲ့ရကျောင်းသူ/သားတွေကို နှစ်သိမ့်ပေးခဲ့တဲ့ တွမ်ဟန့်ခ်စ်

5-5-2020-yyl-002.jpg

နာမည်ကြီးမင်းသား တွစ်ဟန့်ခ်စ်ဟာ သူ့ဇနီးနဲ့အတူ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရတဲ့ ပထမဆုံးဆယ်လီဖြစ်သလို ရောဂါကနေ ပြန်လည်ကောင်းမွန်လာတဲ့ ပထမဆုံးဆယ်လီလည်းဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပျောက်ကင်းသွားပြီဖြစ်တဲ့ တွစ်ဟန့်ခ်က အိုဟိုင်းယိုးပြည်နယ်က Wright State Universityရဲ့ ဘွဲ့ရကျောင်းသားတွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ဗီဒီယိုလေးနဲ့ အားပေးနှစ်သိမ့်ပေးခဲ့ပါတယ်။

နိုင်ငံအဝှမ်းမှာရှိတဲ့ ကျောင်းတွေလိုပဲ COVID-19 ကြောင့် Social Distacing လုပ်ရတဲ့အတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖျက်သိမ်းထားခဲ့ရပါတယ်။ အဲဒါကြောင့် တွစ်ဟန့်ခ်က ဘွဲ့ရကျောင်းသား/သူတွေကို အားပေးနှစ်သိမ့်တဲ့အနေနဲ့ ဗီဒီယိုလေးထဲမှာ နှုတ်ဆက်စကားပြောထားပါတယ်။ “၂၀၂၀ ကပ်ရောဂါကြီးမတိုင်ခင်က ကမ္ဘာကြီးမှာ မင်းတို့စတင်ခဲ့ကြပါတယ်။ တစ်နည်းနည်းနဲ့ မင်းတို့ ဖြတ်သန်းလာတဲ့ အရင်နှစ်တွေအကြောင်း ပြောကြမယ်။ ဟုတ်တယ်…COVID-19 မတိုင်ခင်ကပေါ့။ ကပ်ရောဂါကြီးမတိုင်က ဖြစ်တယ်။ မင်းတို့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းက အမြဲတမ်း ‘အရင်တုန်းက” ဆိုတာနဲ့ သတ်မှတ်ထားရမှာဖြစ်ပါတယ်။ အခြားမျိုးဆက်တွေကလည်း ဒီနည်းအတိုင်းပဲ “စစ်ပွဲမတိုင်ခင်ကဖြစ်တယ်။ ဒါမှမဟုတ် အင်တာနက်မပေါ်ခင်ကဖြစ်တယ် (ဒါမှမဟုတ်) ဘီယွန်းစေးမပေါ်ခင်က ဖြစ်တယ်လို့ ပြောကြပါတယ်။ အရင်ကဆိုတဲ့စကားလုံးက မင်းနဲ့အတူ ဝန်တွေကို သယ်ဆောင်နေပါတယ်။ ဘွဲ့ဘယ်အချိန်ရလဲဆိုရင် ကပ်ရောဂါမတိုင်ခင်ကပေါ့လို့ ပြောရမှာပဲ” လို့ တွစ်ဟန့်ခ်က ပြောပါတယ်။

အော်စကာ (၂) ဆုရှင်တွစ်ဟန့်ခ်က ဘွဲ့ရကျောင်းသား/သူတွေကို ဂုဏ်ပြုစကားလည်းဆိုထားပါတယ်။ “မင်းတို့ကို ဂုဏ်ပြုပါတယ်။ မင်းတို့ Wright State University ရဲ့ ခရီးရှည်ကြီးကို စွန့်စားဖို့ စတင်ခဲ့အချိန် မမြင်နိုင်တဲ့ကံတရားကြောင့် မင်းတို့ ဟာ ရွေးချယ်ခံထားရတဲ့သူတွေဖြစ်ပါတယ်” လို့ တွစ်ဟန့်ခ်က ပြောပါတယ်။ “တစ်ခါတရံ ကျွန်တော်တို့တွေအားလုံး အမေရိကန်နိုင်ငံသားကောင်းတွေအဖြစ် ရှိနေမယ်ဆိုရင် Before ကနေ After ဆီကို ဆက်လက်သွားရမှာပါ။ အဲဒါက ဗိုင်းရပ်စ်ကြီးပြီးနောက်၊ ကျွန်တော်တို့ အန္တရာယ်ကင်းကင်းနဲ့ အပြင်ထပ်ထွက်ရပြီးတဲ့နောက်၊ ကျွန်တော်တို့ရဲ့ဘဝကို နောက်တစ်ကြိမ် စတင်ခဲ့ပြီးတဲ့နောက်ပေါ့။ မင်းတို့ စွန့်လွှတ်အနစ်နာခံရတဲ့အချိန်တွေကို ဖြတ်ကျော်သွားနိုင်မှာပါ။ ” လို့ အနာဂတ်နဲ့ပတ်သက်ပြီးလည်း ပြောထားပါတယ်။

“အနာဂတ်က အမြဲတမ်း မသေချာပါဘူး။ ဒါပေမဲ့ မင်းတို့ ပြီးမြောက်ခဲ့တဲ့အရာကို ဂုဏ်ပြုပေးရမယ့်သူက ကျွန်တော်တို့ပါ။ ကျွန်တော်တို့က သေချာတဲ့အရာတစ်ခုပါပဲ။ မင်းတို့ကို ကျေးဇူးတင်ပါတယ်။ ဂုဏ်ယူပါတယ်” လို့လည်း တွစ်ဟန့်ခ်က ပြောပါတယ်။

Ref: ‘Way to go!’: Tom Hanks surprises social distanced graduating class of Ohio’s Wright State University

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top