KBZPay က ပရဟိတအဖွဲ့အစည်းတွေကို ပံ့ပိုးကူညီနိုင်မယ့် အလှူဒါနလုပ်ဆောင်ချက်များနဲ့ စုပေါင်းလှူဒါန်းနိုင်ရန် တိုက်တွန်းနှိုးဆော်

Image-5_Activities-of-We-Love-Yangon_Credit-to-We-Love-Yangon.jpg

COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူအများရဲ့ နေ့စဉ်ဘဝကို အဓိက ပြောင်းလဲစေခဲ့သော်လည်း မြန်မာနိုင်ငံရှိ ပြည်သူများရဲ့ ခိုင်မြဲသည့် သဒ္ဓါတရား ထက်သန်မှုကို ပိုမိုထက်သန်လာစေခဲ့ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းရှိ KBZPay အသုံးပြုသူများက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ KBZPay အက်ပလီကေးရှင်းအတွင်းရှိ ‘အလှူဒါန’ လုပ်ဆောင်ချက်ကို အသုံးပြုပြီး ပရဟိတ အဖွဲ့အစည်း (၇) ဖွဲ့သို့ အလှူငွေ စုစုပေါင်း ငွေကျပ် (၆၇.၈) သန်းကျော် လှူဒါန်းခဲ့ကြပါတယ်။

KBZPay အသုံးပြုသူများက ရွေးချယ်စုစည်းပေးထားတဲ့ ပရဟိတအဖွဲ့စာရင်းရှိ အဖွဲ့အစည်း (၇) ခုဖြစ်တဲ့ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း၊ မူဆလင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါနအသင်း၊ YCDC ကလေးပြုစုစောင့်ရှောက်ရေးရိပ်သာ၊ ခေမာရာမ သီလရှင်သင် ပညာရေး (ပရဟိတကျောင်း)၊ Saved The Aged ဘိုးဘွားရိပ်သာနှင့် We Love Yangon စတဲ့ အဖွဲ့များအတွင်း မိမိလူဒါန်းလိုသော အဖွဲအစည်းကို ရွေးချယ်လှူဒါန်းနိုင်ပါတယ်။

KBZPay အသုံးပြုသူများရဲ့ ပါဝင်လှူဒါန်းမှုများကြောင့် အထူးသဖြင့် အခုလိုCOVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း အဲဒီပရဟိတ အဖွဲ့အစည်းမရဲ့လှုပ်ရှားမှုများကို ရေရှည် ဆက်လက်လုပ်ကိုင်နိုင်ရန် များစွာ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းများမှာ ကြည့်ရှု့စောက်ရှောက်မည့်သူ မရှိဘဲ တစ်ကိုယ်တည်း ရုန်းကန်လှုပ်ရှားနေရသူများ၊ အစားအသောက်နှင့် အထောက်အပံ့ လိုအပ်သူများအတွက် ကူညီပံ့ပိုးပေးနေသည့်အပြင် အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ ခိုကိုးရာမဲ့ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်ခြင်းတို့ အပါအဝင် ရှေ့တန်းတွင် ဝင်ရောက်လုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်း စွမ်းဆောင်ရှင်များ အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သည့်နေရာများတွင် ပါဝင်ကူညီပေးခြင်းတို့ကို လုပ်ဆောင်လျက် ရှိပါတယ်။

အဲဒီ ပရဟိတအဖွဲ့အစည်း (၇) ဖွဲ့တွင် တစ်ခုအပါအဝင်ဖြစ်တဲ့ We Love Yangon ကCOVID-19 ကြာင့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသော ရန်ကုန်မြို့နေ ပြည်သူလူထုကို အဆင်ပြေချောမွေ့စေရန် လိုအပ်သည်များကို ပံ့ပိုးထောက်ပံ့နေတဲ့ ရန်ကုန်အခြေစိုက် ပရဟိတ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ KBZPay က ‘We Love Yangon COVID-19 Fund’ ကို ဧပြီလအစပိုင်းတွင် စတင်မိတ်ဆက်ခဲ့ပြီး ခုနှစ်ရက်အတွင်း KBZPay အသုံးပြုသူများမှ စုစုပေါင်း ငွေကျပ် (၅) သန်း ထည့်ဝင်လှူဒါန်းခဲ့ကြပါတယ်။ အခုအချိန်အထိ We Love Yangon ရန်ပုံငွေအတွက် လှူဒါန်းမှုပေါင်း (၅,၇၃၁) ကျော်မှ စုစုပေါင်း ငွေကျပ်သန်း (၄၂) ကျော်အထိ လှူဒါန်းခဲ့ကြပြီး ဖြစ်ပါတယ်။

We Love Yangon အဖွဲ့ကို ၂၀၂၀ ခုနှစ်၊ မတ်လ တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်မြို့တော်ဝန်တို့ရဲ့ အားပေးကူညီမှုဖြင့် စတင်တည်ထောင်ခဲ့ပြီး ဒေါ်သန်းမြင့်အောင်မှ ဥက္ကဌအဖြစ် ဦးဆောင်လုပ်ကိုင်လျက်ရှိပါတယ်။ မကြာသေးခင် ရက်သတ္တပတ်အတွင်း We Love Yangon လူထုအခြေပြု ပရဟိတအဖွဲ့က မြန်မာနိုင်ငံအတွင်း လူနေထူထပ်မှု အများဆုံး မြို့များရှိ လူစည်ကားသည့် နေရာများတွင် လက်ဆေးဘေစင်များ တပ်ဆင်ခြင်း၊ လက်သန့်ဆေးရည်၊ နှာခေါင်းစည်းနှင့် ကိုယ်အပူချိန်တိုင်း ကိရိယာများ မျှဝေပေးခြင်း၊ တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်း (PPE) များ ပေးအပ်လှူဒါန်းခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဈေးများ၊ ကျောင်းများနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် ပိုးသတ်ဆေးဖြန်းခြင်း၊ ဆေးရုံသုံး ကိရိယာများ ဝယ်ယူလှူဒါန်းခြင်း၊ လူထုပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် ရန်ကုန်မြို့နေ ပြည်သူလူထုအား အခြေခံစားသောက်ကုန်များကို မူရင်းဈေးဖြင့် အိမ်တိုင်ရာရောက် ရောင်းချပေးခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိပါတယ်။

We Love Yangon ကိုထပ်မံကူညီပံ့ပိုးသည့်အနေဖြင့် ကမ္ဘောဇဘဏ်မှ အထူးအကောင့် (Merchant account) တစ်ခု ဖွင့်လှစ်ပေးထားပြီး KBZPay မှတစ်ဆင့် ကောက်ခံရရှိထားသော အလှူငွေများကို လိုအပ်သည့်အချိန်တွင် အလွယ်တကူ ထုတ်ယူနိုင်ရန် သီးသန့် ကူညီဆောင်ရွက်ပေးမည့် အဖွဲ့တစ်ဖွဲ့ကိုလည်း ထားရှိပေးထားပါတယ်။ အခုလိုပံ့ပိုးမှုများကြောင့် We Love Yangon အဖွဲ့အစည်းအနေဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နှင့် လိုအပ်သည့် ပစ္စည်းများကို ထိရောက်စွာ ဝယ်ယူစုဆောင်းနိုင်ရန် အကူအညီပေးနိုင်မည် ဖြစ်ပါတယ်။

မိမိတို့ရဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုပြီး ပရဟိတအဖွဲ့အစည်းများရဲ့လှုပ်ရှားမှုများကို ပံ့ပိုးကူညီလိုပါက အက်ပလီကေးရှင်းအတွင်းရှိ ‘အလှူဒါန’ လုပ်ဆောင်ချက်ကို ဝင်ရောက်ပါ။ မိမိလှူဒါန်းလိုသည့် အဖွဲ့အစည်းကို ရွေးချယ်၍ ‘လှူဒါန်းမည်’ ကို နှိပ်ပါ။ အဲဒီနောကက် လှူဒါန်းလိုသည့်ပစ္စည်း (သို့မဟုတ်) အလှူငွေပမာဏကို ရွေးချယ်ပြီး လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top