အိန္ဒိယနိုင်ငံမှာ တစ်ရက်အတွင်း COVID-19 ရောဂါပိုးရှိသူ ၃,၉၀၀ တွေ့ရှိ၊ ကူးစက်ခံရသူ ၄၆,၄၃၃ ယောက် ရှိလာ

5-5-2020-yyl-005.jpg

အိန္ဒိယနိုင်ငံမှာ တစ်ရက်အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၃၉၀၀ ရှိခဲ့ပြီး တစ်ရက်တာ ကူးစက်မှု စံချိန်တင်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနက ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၄၆,၄၃၃ ယောက်ရှိနေပြီး လူ ၁,၅၆၈ ယောက် သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ရောဂါစမ်းသပ်စစ်ဆေးမှု ၁.၂ သန်းကျော်လုပ်ထားတယ်လို့ အိန္ဒိယနိုင်ငံ ကျန်းမာရေးသုတေသနကောင်စီက ဖော်ပြပါတယ်။

အာရှတိုက်ရဲ့ အကြီးဆုံး ဆင်းရဲသားရပ်ကွက်တစ်ခုဖြစ်တဲ့ မွမ်ဘိုင်းမြို့ရဲ့ ဒါရာဝီရပ်ကွက်မှာ ရောဂါကူးစက်ခံရသူ ၆၃၂ ယောက်ရှိပြီး လူ ၂၀ သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဒါရာဝီရပ်ကွက်မှာ တစ်ရက်တာ လူနာသစ်စံချိန်အဖြစ် ရောဂါပိုးရှိသူ ၉၄ ယောက် တွေ့ရှိခဲ့ပြီး လူနှစ်ယောက် သေဆုံးခဲ့ပါတယ်။ ရောဂါပိုးရှိသူတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ဒါရာဝီရပ်ကွက်မှာ ပုဂ္ဂလိကဆေးခန်း ၃၅၀ လောက် ဖွင့်လှစ်ထားပြီး စစ်ဆေးမှုတွေ အကြီးအကျယ်လုပ်နေပါတယ်။ ဧပြီလ ၂၉ ရက်အထိ ဒါရာဝီရပ်ကွက်မှာ လူ ၇၀,၀၀၀ လောက်ကို စစ်ဆေးမှုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံမှာလည်း တစ်ရက်တာ လူနာသစ်တွေ့ရှိမှု စံချိန်အဖြစ် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပိုးရှိသူ ၁,၃၁၅ ယောက် တွေ့ရှိခဲ့ပါတယ်။ တစ်ရက်တာအတွင်း စစ်ဆေးမှု ၉,၈၉၃ လုပ်ခဲ့ရာမှာ လူနာသစ် ၁,၃၁၅ ယောက် တွေ့ရှိခဲ့တာပါ။ အဲဒီအတွက် ပါကစ္စတန်နိုင်ငံမှာ ရောဂါပိုးရှိသူ စုစုပေါင်း ၂၁,၅၀၁ ယောက် ရှိနေပြီး သေဆုံးသူ ၄၈၆ ယောက် ရှိလာခဲ့ပါတယ်။

Ref: CNN ” India sees highest single-day spike in cases”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top