လူနာ (၅၀၀) ဆန့်တဲ့ Covid-19 (မရမ်းကုန်း) အင်းယားစင်တာကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လူနာ (၂၄) ဦးကို လက်ခံကုသပေးနေ

28-6-2021-yyl-59.jpg

ရန်ကုန်မြို့ Covid-19 ရောဂါ ကုသရေးဌာန (မရမ်းကုန်း)အင်းယားစင်တာကို ဇူလိုင် (၄) ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်မှာ အတည်ပြုလူနာ (၂၄) ဦးကို လက်ခံကုသပေးနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

Covid-19 ရောဂါကုသရေးဌာန (မရမ်းကုန်း)အင်းယားစင်တာမှာ လူနာ (၅၀၀) အထိ လက်ခံကုသနိုင်တဲ့ စင်တာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာလည်း Covid-19 ကုသရေးဌာန(သုဝဏ္ဏ)ကို အမြန်ဆုံးဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင်လ (၄) ရက် ဓာတ်ခွဲစစ်ဆေးချက်တွေအရ မြန်မာနိုင်ငံမှာ Covid-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၈၇၇) ဦးရှိနေပြီး အဲ့ဒီထဲမှာ ရန်ကုန်မြို့က အတည်ပြုလူနာ (၂၈၆) ဦး ပါဝင်နေပါတယ်။

ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးစတဲ့ မြိုနယ်တွေထဲမှာရှိတဲ့ မြို့နယ်တချို့ကို နေအိမ်မှာနေထိုင်ရေး (Stay at Home) မြို့နယ်တွေအဖြစ် ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင်လ (၄) ရက်နေ့ အထိ Covid-19 ပိုးတွေ့အတည်ပြုလူနာစုစုပေါင်း (၁၆၅,၄၀၅) ဦး၊ ဆေးရုံဆင်းခွင့်ရသူ လူနာစုစုပေါင်း (၁၃၈,၇၁၅) ဦး နဲ့ သေဆုံးသူ လူနာစုစုပေါင်း (၃,၄၁၉) ဦး ရှိနေပြီဖြစ်ပါတယ်။

Photo- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top