အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ် ဆေးရုံတက်နေရ

101007119_hw.jpg

အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျ အိပ်ခ်ျ ဒဗလျူ ဘုရှ် (George H W Bush) ဟာ ဇနီးဖြစ်သူ ဘာဘာရာ ဘုရှ်ရဲ့ ဈာပန ပြီးဆုံးပြီးနောက် ရက်ပိုင်းအကြာမှာပဲ ကျန်းမာရေးချို့တဲ့လာတာကြောင့် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတဟောင်းရဲ့ ရောဂါဟာ ပြင်းထန်ဖွယ်ရှိပြီး ဂရုစိုက်မှုတွေ လုပ်နေရတယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သူ့မှာ သွေးအတွင်းပျံတဲ့ ကူးစက်ရောဂါ ဖြစ်နေတယ်လို့ သူ့ရဲ့ မိသားစုက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သမ္မတဟောင်းဟာ ဧပြီ ၂၂ ရက်နေ့မှာ ဟောက်န်မြို့ရှိ ဆေးရုံကို တက်ရောက်ကုသခဲ့ရတာ ဖြစ်ပါတယ်။ ဂျော့ဂ်ျဟာ ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ် အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး သူရဲ့သားဖြစ်သူ ဂျော့ဂ်ျ ဘုရှ်ဟာလည်း အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။

ဘာဘာရာဘုရှ်ဟာ ခင်ပွန်းနဲ့ သားဖြစ်သူ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာကို တွေမြင့်ခဲ့ရတဲ့ ပထမဆုံး အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်းနဲ့ ဇနီးဖြစ်သူ ဘာဘာရာဘုရှ်တို့ရဲ့ အိမ်ထောင်သက်တမ်းက ၇၃ နှစ်ကြာ ရှိခဲ့ပါတယ်။ ဇနီးဖြစ်သူ ဘာဘာရာဘုရှ် ကွယ်လွန်သွားပြီးနောက် ဂျော့ဂ်ျက ဇနီးဖြစ်သူဟာ ကောင်းကင်ဘုံကို ရောက်ရှိမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

Ref: George H W Bush in intensive care after wife’s funeral

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top