လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဝင်ငွေနှင့် အမြတ်အစွန်းတိုးတက်မှုကို Vietjet ကထုတ်ပြန်ကြေငြာခဲ့

Vietjet-2-1.jpg

Vietjet Aviation Joint Stock Company (HOSE code: VJC) လေကြောင်းလိုင်းသည် ၎င်းလုပ်ငန်း၏ ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ် စီးပွားရေးလုပ်ငန်းရလဒ်များကို ကြေညာခဲ့သည်။ လေကြောင်းသယ်ယူပို့ဆောင်ရေးများအတွက် လေကြောင်းလိုင်း၏ဝင်ငွေ VND ၁၀,၅၀၀ဘီလီယံ (၆၆၁ ဘီလီယံကျပ်) ၂၅ရာခိုင်နှုန်းတိုးမြှင့်ခဲ့သည်။ ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၁.၄ ရာခိုင်နှုန်းနှင့် ၂၉.၃ ရာခိုင်နှုန်း အသီးသီး တိုးတက်လာခြင်းကြောင့် လေကြောင်း သယ်ယူပို့ဆောင်ရေးမှ ရရှိသောဝင်ငွေနှင့်အမြတ်မှာ VND ၄၁၀၉၇ ဘီလီယံ (ကျပ် ၂၅၈၇ ဘီလီယံ) နှင့် VND ၃၉၃၆ ဘီလီယံ (ကျပ်၂၄၇ ဘီလီယံ) အသီးသီးရှိသည်။

Vietjet ၏စုပေါင်းဘဏ္ဍရေး အစီရင်ခံစာအရ လေကြောင်းလိုင်း၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ ၂၀၁၀၉ ခုနှစ်တွင် VND47,608 ဘီလီယံ (ကျပ် 2,997 ဘီလီယံ) ဖြစ်သည်။ ပိုင်ရှင်၏ရှယ်ယာသည် VND ၁၇၆၆၁ ဘီလီယံ (ကျပ် ၁၁၁၁ ဘီလီယံ) ဖြစ်ပြီး VND ၂၃၄၇ ဘီလီယံ (ကျပ် ၁၄၇၈ ဘီလီယံ) ရှိသည်။ ဘဏ္ဍရေးရှယ်ယာများသည် ၂၀၁၈ ခုနှစ်တွင်နှင့်နှိုင်းယှဉ်လျှင် ၂၂ ရာခိုင်းနှုန်းနှင့် ၂၅ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးဖြစ်ကြသည်။ အကျိုးတူရှယ်ရာလုပ်ငန်းမှ အကြွေးသည်လည်း 0 ဒသမ ၇၇ ရှိသည့်အတွက် ဗီယက်နမ် လေကြောင်းဆက်သွယ်ရေး လုပ်ငန်းတွင် အနှိမ့်ဆုံးဖြစ်သည်။ ဗီယက်နမ်၏ EBITDAR အမြတ်အစွန်းသည် ၃၁% ရှိပြီး ကမ္ဘာပေါ်တွင် ထိပ်တန်းလေကြောင်းလိုင်းတစ်ခုဖြစ်သည်။

လေကြောင်းလိုင်း၏ တိုးတက်လာသော စီးပွားရေးလုပ်ငန်းသည် ၎င်း၏ထိရောက်သော ဝင်ငွေစီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာများဖြစ်သည့် အပိုဝန်ဆောင်ခများ၊ ကုန်တင်သယ်ယူပို့ဆောင်ရေး၊ လေယာဉ်အတွင်းဝန်ဆောင်မှုများ (အစားအစာ၊ အဖျော်ယမကာများနှင့် အကောက်ခွန်မဲ့ပစ္စည်း) နှင့်ကြော်ငြာများကြောင့်လည်းဖြစ်သည်။ ၎င်း၏ ancillary ဝင်ငွေ (မြင့်မားသည့်အကျိုးအမြတ်ခွဲတမ်း) မှာ ဗီယက်နမ်ဒေါင် ၁၁,၃၅၆ ဘီလီယံ (မြန်မာကျပ်ငွေ ၇၁၅ဘီလီယံ) ၃၅ ဒသမ ၂ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါသည်။ လေကြောင်းလိုင်း၏ စုစုပေါင်း လေကြောင်းပို့ဆောင်ရေး ancillary ဝင်ငွေသည် ၂၀၁၈ ခုနှစ်တွင် ၂၅ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၀၁၉ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။

ဈေးချိုသာဆုံးလေကြောင်းလိုင်းများ (low-cost Carriers) ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသော စီးပွားရေးပုံစံအရ Ancillary ဝင်ငွေသည် လေကြောင်းလိုင်းတစ်ခု၏ အမြတ်နှုန်း ၉၀ ရာခိုင်းနှုန်းကျော်ရောက်ရှိပါက အောင်မြင်မှုသည်ဟု ဆုံးဖြတ်ပေးသော အချက်တစ်ခုဖြစ်သည်။ The 2019 CarTrawler Ancillary Revenue YearBook တွင် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းလေကြောင်းလိုင်း၏ ဘဏ္ဍာရေးထုတ်ပြန်ချက် အစီရင်ခံစာများပါဝင်သော စာရင်းအရ Vietjet လေကြောင်းလိုင်း၏ Ancillary ဝင်ငွေသည် ၁၂ နေရာတွင် ရောက်ရှိခဲ့ပါသည်။

Vietjet လေကြောင်းလိုင်းသည် အဆင့်မြင့်နည်းပညာကို စီးပွားရေးလည်ပတ်မှုတွင် အသုံးပြုခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်း အရှိန်မြှင့်တင်ရန်အတွက် အဓိကသော့ချက်ဖြစ်သည်။ လေကြောင်းလိုင်းသည် လေယာဉ်အမှုထမ်းများ၏ လည်ပတ်မှုကို ထိရောက်စွာစီမံခန့်ခွဲရန်နှင့် SFCO2 လောင်စာထိန်းချုပ်ရေး အစီအစဉ်ကိုထောက်ပံ့ရန် လေယာဉ်ပျံသန်းမှုဆိုင်ရာ အချက်အလက် စောင့်ကြည့်လေ့လာရေး (FDM) အစီအစဉ်ကို အသုံးပြု၍ Amazon Cloud သို့ ၎င်း၏အချက်အလက်စနစ်၏ ၈၀% ကိုလွှဲပြောင်းပြီးစီးခဲ့သည်။ SFCO2 အစီအစဉ်၏ကျေးဇူးကြောင့် ၂၀၁၉ ခုနှစ်တွင် Vietjet သည်လောင်စာဆီကီလိုဂရမ် ၄.၈ သန်းကျော်စုဆောင်းခဲ့ပြီး CO2 ထုတ်လွှတ်မှု၏ ၁၅.၃ သန်းလျှော့ချခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဗီယက်ဂျက်သည် လေယာဉ် ၉ စင်းငှားရမ်းခဲ့ပြီး လေယာဉ် ၇၈ စီး၊ စုစုပေါင်းပျံသန်းချိန် ၃၂၁၀၀၀ နှင့် ပျံသန်းမှု ၁၃၉၀၀၀ နာရီရှိသည်။ လေကြောင်းလိုင်း၏ သယ်ယူထမ်းဆောင်ဝန်ပမာဏ (Load Factor) ၈၈ ရာခိုင်းနှုန်း ရောက်ရှိခဲ့ပြီး အတတ်ပညာပိုင်းယုံကြည်စိတ်ချရမှု (Technical Reliability Rate) အမြင့်ဆုံး ၉၉ ဒသမ ၆၄ ရာခိုင်နှုန်းရှိသော လေကြောင်းလိုင်းဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာ့လေကြောင်းလိုင်းများ၏ ဘေးအန္တရာယ်ကင်းရှင်းမှု အဆင့်အတန်းစိစစ်ခွဲခြားမှုဆိုင်ရာ တစ်ခုတည်းသော ဝဘ်ဆိုဒ်ဖြစ်သည့် AirlineRatings.com ကကမ္ဘာ့ဘေးအကင်းဆုံး ကြယ် (၇) ပွင့်အဆင့် သတ်မှတ်ထားခြင်းကိုလည်း ခံထားရပါသည်။

နောက်ဆုံးပေါ် မျိူးဆက်သစ်လေယာဉ်များဖြင့် ပျံသန်းလျက်ရှိနေသောကြောင့် Vietjet လေကြောင်းလိုင်း၏ ပျံသန်းမှုပေါင်း ပျှမ်းမျှသက်တမ်းမှာ ၂.၇ နှစ်ဖြစ်ပြီး လောင်စာဆီလည်းသက်သာစေပါသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် Vietjet လေကြောင်းလိုင်းသည် ကမ္ဘာ့ပထမဆုံး ထိုင်ခုံ ၂၄၀ ဆန့်သော A321neo ACF လေယာဉ်သစ်များ ထပ်မံလက်ခံရရှိခဲ့သည်။ A321neo ACF လေယာဉ်သည် ဆီစားနှုန်းကို အနိမ့်ဆုံး ၁၆%ထိ လျှော့ချပေးနိုင်ပြီး ဆူညံမှုနှုန်းကို အများဆုံး ၇၅%နှင့် တုန်ခါမှုနှုန်းကို အများဆုံး ၅၀% လျှော့ချပေးနိုင်သည်။ လေကြောင်းလိုင်းသည် ၂၀၂၀ ခုနှစ်တွင် A321neo လေယာဉ်နောက် ၉ စီးမှာယူရန်စီစဉ်သွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် မှစပြီး နှစ်စဉ် နောက်ထပ် လေယာဉ် အစီး ၂၀ ထပ်မံမှာယူမည်ဖြစ်ပါသည်။ လေယာဉ်သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျှော့ချရန်နှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ အမြတ်အစွန်း တိုးမြှင့်ရန်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံသည် ပထဝီအနေအထားအရကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးကို ဖုံးလွှမ်းထားသော အချင်းဝက် အတွင်းတွင်တည်ရှိသည့်ပြီး ခေတ်မီသောလေယာဉ်များဖြင့် အာရှပစီဖိတ်ဒေသတွင် ပျံသန်းမှုကွန်ယက်များကို တိုးချဲ့လျက်ရှိနေသောကြောင့် Vietjetလေကြောင်းလိုင်း၏ တိုးတက်မှုအလားအလာမှာ အလွန်ပင်မြင့်မားသည်။ အဆိုပါဈေးကွက်သည် ဝင်ငွေတိုးပွားလာခြင်းနှင့် လောင်စာဆီဈေးနှုန်းနိမ့်ခြင်း အကျိုးကျေးဇူးတို့ကြောင့် လေကြောင်းလိုင်း၏ ဝင်ငွေမြင့်မားမှုနှင့် အမြတ်အစွန်းများ ထပ်မံတိုးတက်ရရှိရန် လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
လက်ရှိတွင် Vietjet လေကြောင်းလိုင်းသည် ရန်ကုန်-ဟနွိုင်း အသွားအပြန်ခရီးစဉ်ကို တစ်ပါတ်လျှင် ၇ ရက် နေ့စဉ် ပြေးဆွဲပေးလျက်ရှိပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top