ကလေးတွေကိုစာဖတ်ချင်လာအောင်ဘယ်လိုတိုက်တွန်းမလဲ

kidslarge.jpg

ကျောင်းမတက်သေးခင် အရွယ်နှင့် ကလေးဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် စာဖတ်စွမ်းရည်ဟာ အလွန် အရေးကြီးပါတယ်။

ဒါပေမယ့်လည်း ဝမ်းနည်းဖို့ကောင်းတာကတော့ ဒီနေ့ခေတ် ကလေးငယ်များစွာဟာ စာအုပ်ဖတ်ခြင်းထက် တီဗီကြည့်ခြင်း၊ ဂိမ်းကစားခြင်းတွေကို ပိုမိုနှစ်သက်ကြပါတယ်။ ကိုယ့်ရဲ့ ကလေးကိုစာဖတ်လာအောင် ကြိုးပမ်းခြင်းဟာစိန်ခေါ်မှုတစ်ရပ်လို့ ပြောလို့ရနိုင်ပါတယ်။
အဆင့် (၁)
ကလေးငယ် ငယ်ရွယ်စဉ်တည်းကစတင်စာဖတ်ပြပါ – လူများစွာဟာကိုယ့်ရဲ့မိဘများအိပ်ရာဝင်ပုံပြင်လေးများဖတ်ပြတတ်တဲ့ အမှတ်ရစရာလေးတွေကို နှစ်သက်မြတ်နိုးတတ်ကြပါတယ်။ ကလေးငယ်ကိုစာဖတ်ပြခြင်းကြောင့် စကားလုံးလေးများကိုချစ်တတ်လာပြီးစာဖတ်ခြင်းကိုမြတ်နိုးလာစေခြင်းတို့ကို မြှင့်တင်ပေးပါတယ်။
• ကလေးငယ်ကိုစာဖတ်ပြခြင်းဟာ စာဖတ်ခြင်းနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အရာများစွာကိုလည်း စံနမူယူစေထိုက်ပါတယ်။ ဥပမာ- စာအုပ်တစ်အုပ်ကို ဘယ်လိုကိုင်ရတယ်၊ စာရွက်တွေကို ဘယ်လိုလှန်ရတယ်၊ ပုံနှိပ်စာလုံးလေးများဟာ ဘယ်လိုအသံ၊ ဘယ်လိုအဓိပ္ပာယ်ရှိတယ်ဆိုတဲ့ စိတ်ကူးစတာတွေပဲ ဖြစ်ပါတယ်။
• ကလေးကိုစာဖတ်ပြတဲ့အခါမှာ ဇာတ်လမ်းအပိုလေးတွေ တမင်တကာထည့်သွင်းပြောပေးသင့်ပါတယ်။ ဇာတ်လမ်းကို ပိုမိုစိတ်ဝင်စားလာစေပြီးတော့ စကားလုံးနဲ့ ဝါကျစာကြောင်းများဟာဘယ်လိုဆိုတာကို တွန်းအားပေးစေပါတယ်။
ကလေးငယ်က စာဖတ်တတ်ဖို့ သင်ယူနေတဲ့အချိန်မှာတော့ စာလုံးတွေ ကူရှာပေးခိုင်းခြင်းမျိုးနဲ့ စကားလုံးလေးတွေ အသံထွက်ကိုကူထွက်ဆိုစေခြင်းစတာတွေကိုလုပ်ဆောင်ဖို့ တိုက်တွန်းပါ။

အဆင့် (၂)
ကလေးငယ်ရဲ့အခန်းထဲကိုစာအုပ်တွေ ထည့်ထားပေးပါ – အနီးနားပတ်လည်မှာစာအုပ်များနဲ့ ကြီးပြင်းလာရတဲ့ ကလေးများဟာသင်ယူခြင်းနဲ့ စွန့်စားလိုခြင်းတွေမှာစာအုပ်တွေကိုမိတ်ဆွေအပေါင်းအသင်းများအဖြစ် စဉ်းစားဖို့ သင်ယူနားလည်စေပါတယ်။

အဆင့် (၃)
သင့်ရဲ့ကလေးငယ်အတွက် စာဖတ်ခြင်းစံနမူနာကောင်းတစ်ခု ဖြစ်ပါစေ – သင် ဘယ်လောက် စာအုပ်များဖတ်ရှုခြင်းအား နှစ်သက်သဘောကျသည်ကိုသင်၏ ကလေးငယ် တွေ့မြင်ပါစေ။

အဆင့် (၄)
ကလေးကြီးပျင်းလာသည့်အခါ ကလေးများစိတ်ဝင်စားသည့် ဝါသနာနှင့် ကိုက်ညီသည့် စာအုပ်များနှင့် မိတ်ဆက်ပေးပါ – အချို့သောနယ်ပယ်များမှာစာအုပ်ကောင်းတစ်အုပ်ဟာဘယ်လိုအသိပညာဗဟုသုတတွေ၊ အသိအမြင်တွေကိုချဲ့ထွင်နိုင်တယ်ဆိုတာ ပြသပေးပါ။

အဆင့် (၅)
ကလေးငယ်များကိုသူတို့ကိုယ်တိုင် စာအုပ်အသစ်များရှာဖွေဖတ်ရှုရန် တိုက်တွန်းပါ – ကလေးငယ်အားစာအုပ်များ ပြသဖတ်ရှုစေခြင်းသည် စိတ်ဝင်စားမှုအဆင့် တည်ဆောက်ပေးရန် နည်းလမ်းကောင်းတစ်ခု ဖြစ်သလိုစာအုပ်သစ်များကိုကိုယ်တိုင်ရှာဖွေဖတ်ရှုသောကလေးများသည် အမှီခိုကင်းသောစိတ်အခြေအနေတိုးမြင့်ခြင်းကိုအကျိုးကျေးဇူးရရှိစေနိုင်ပါသည်။

အဆင့် (၆)
ကလေးငယ်ကိုစာကြည့်တိုက်ကတ် ထားရှိပေးပါ – စာကြည့်တိုက်ဆိုတာဘယ်လိုမျိုးအံ့ဩစရာတွေ စိတ်လှုပ်ရှားစရာတွေ ရှိတဲ့ နေရာတစ်ခု ဖြစ်ကြောင်းနှင့် ဘဝတစ်သက်တာလုံး လေ့လာသင်ယူနိုင်မယ့်ကမ႓ာလောကအသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်ကြောင်းကို ကလေးငယ်အား ပြသပါ။ ကလေးငယ်၏ အချိန်ဇယားထဲတွင် စာကြည့်တိုက်သို့ သွားရောက်ခြင်းအားထည့်သွင်းထား၍ မကြာခဏစာကြည့်တိုက်သို့ အတူတူသွားရောက်ပေးသင့်ပါသည်။

အဆင့်(၇)
ကလေးငယ်များစာဖတ်လျှင် ဆုချပါ – ဥပမာသင့်ကလေးငယ်သည် နေ့စဉ် နာရီဝက်ခန့် တစ်ပတ်ကြာစာဖတ်လျှင် ကလေးငယ်အားသူကြိုက်နှစ်သက်သည့် စားစရာတစ်ခုခုနှင့် ဆုချခြင်းမျိုး ပြုလုပ်ပါ။
HtetHtet Tin Zar (ရိုးရာလေး)
Ref : Knowledge : How to Encourage Kids to Read

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top