ပရိသတ်တွေ နှစ်ခြိုက်အားပေးခဲ့တဲ့ Wednesday စီးရီးရဲ့ Season 2 တရားဝင်ပိုစတာကို Netflix က ထုတ်ပြလိုက်ပါပြီ။
Wednesday Addams အဖြစ် မင်းသမီး ဂျန်နာ အော်တီဂါ ပါဝင်ထားတဲ့ ဒီစီးရီးဟာဆိုရင် အိုင်ယာလန်မှာ ထုတ်လုပ်မှုအပြီး ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာဖို့ မျှော်လင့်ရပါတယ်။ Season 2 ရဲ့ တရားဝင်ပိုစတာကို ဧပြီ ၂၂ ရက်နေ့မှာ ထုတ်ပြခဲ့ပြီး ပိုစတာမှာ ကုလားထိုင်ပေါ်မှာ ကြိုးနဲ့ ချည်နှောင်ထားခံရပြီး အနက်ရောင်မျက်ရည်တွေကျနေတဲ့ Wednesday ကို မြင်တွေ့ရပါတယ်။
ဒီစီးရီးရိုက်ကူးမှုက ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ ပြီးစီးခဲ့ပေမဲ့ Post Production အဆင့်ကို လုပ်ဆောင်နေတုန်းပါပဲ။ တရားဝင်ထွက်ရှိလာမယ့်ရက်အပါအဝင် အသေးစိတ်ကိုတော့ မကြာမီသိရှိရဖို့ မျှော်လင့်ရပါတယ်။
Ref: Wednesday season 2: All the updates about cast, plot and release date as Netflix drops official poster ahead of teaser
WL ( ရိုးရာလေး)

