နေအိမ်မီးလောင်ပြီး ရေခဲမှတ်အောက် အပူချိန်မှာ ၃ ပတ်ကြာ ရှင်သန်ခဲ့သူ

yyl-054-2.jpg

အလက်စကာပြည်နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့နေရာမှာ နေထိုင်သူတစ်ယောက်ဟာ နေအိမ်မီးလောင်ခဲ့လို့ စားစရာနည်းနည်းပဲကျန်ရှိပြီး ဖြစ်သလို နေထိုင်ခဲ့ရပေမဲ့ (၃)ပတ်ကြာ အသက်ရှင်သန်ခဲ့ပြီးနောက်မှာတော့ ကယ်တင်ခံခဲ့ရပါတယ်။ အသက်(၃၀)ရှိတဲ့ တိုင်ဆန်စတီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဆူဆစ်နာတောင်ကြားထဲက သစ်လုံးအိမ်မှာ တစ်ယောက်တည်း နေထိုင်ခဲ့တာပါ။ ဒီဇင်ဘာလ ၁၇ ရက်၊ ၁၈ ရက်နေ့မှာတော့ သူ့ရဲ့သစ်လုံးအိမ် မီးလောင်ပျက်စီးခဲ့ပြီး စားစရာတွေလည်း မီးထဲပါသွားခဲ့ပါတယ်။ တိုင်ဆန်စတီးဟာ အပျက်အစီးအပိုင်းအစတွေကိုသုံးပြီး ခိုလှုံစရာနေရာ ဖန်တီးခဲ့သလို မီးထဲ ပါမသွားတဲ့ စည်သွပ်ဘူးတွေစားပြီး ရှင်သန်ခဲ့ပါတယ်။ သူဟာ သစ်တိုသစ်စတွေကို အသုံးပြုပြီး SOS(Save Our Souls)ဆိုတဲ့ အမှတ်အသားပုံဖော်ခဲ့ပါတယ်။

တိုင်ဆန်စတီးဆီကနေ အဆက်အသွယ် မရလို့ စိတ်ပူနေတဲ့ မိသားစုဝင်တွေက သူ့ရဲ့အခြေအနေကို ကြည့်ရှုပေးဖို့ အာဏာပိုင်တွေကို အကြောင်းကြားချိန်မှာ သူ့ကို ရှာဖွေတွေ့ရှိခဲ့တာပါ။ သူဟာ အခုလိုအခြေအနေမျိုးမှာ ရှင်သန်နိုင်အောင် လေ့ကျင့်ထားတာမျိုး မရှိပေမဲ့ ပြင်ပလောကမှာ အနေများလို့ အသက်ရှင်သန်နိုင်ခဲ့တာလို့ တိုင်ဆန်စတီးက ပြောပါတယ်။ တိုင်ဆန်စတီးကို တွေ့ရှိခဲ့ပြီးနောက်မှာတော့ အာဏာပိုင်တွေက ရဟတ်ယာဉ်နဲ့ ကယ်တင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top