ပုစွန်တန်ပူရာမွမွလေး ကြော်စားမယ်

6-7-2020-yyl-044.jpg

ဆိုင်မှာရောင်းတဲ့ ပုစွန်တန်ပူရာကြော် အတိုင်း အိမ်မှာလုပ်စားကြည့်ကြမယ်။ ဆော့စ် အနေနဲ့ လိုက်ဖက်အောင် ဘိတ်ချဉ်လေး စီစဉ်ထားပါတယ်။

ရိုးရာလေး ပရိသတ်ကြီးရေ ဒီပိတ်ရက်မှာလုပ်စားကြည့်ပါဦးနော်။ ပါဝင်ပစ္စည်းတွေကတော့ ပုစွန်(အကောင်ကြီး)၁၀ကောင်၊ဂျုံမှုန့်လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးစာ၊ ပြောင်းဖူးမှုန့်လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးစာ၊ ဆား အနည်းငယ်၊ ကြက်ဥ ၁ လုံး၊ ရေခဲရေ၊ ဆီ၊ ဆော်ဒါမှုန့် အနည်းငယ် ဖြစ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်ကိုပြောပြပါမယ်။

၁။ ပုစွန်ကို ခေါင်းဖြုတ် အခွံနွှာ ပြီး အမြီးက အခွံနည်းနည်းကိုတော့ ချန်ထားပါ။

၂။ ဇလုံအသေးထဲမှာ ဂျုံမှုန့်ကို ထည့်ထားပါ။ ကြက်ဥကို ရေခဲရေထဲထည့်ပြီး ခလောက်မွှေပါ။ ပူစီဖောင်း အမြှုပ်လေးတွေ ထွက်လာရင် ခပ်ထုတ်ပစ်ပါ။ ကြက်ဥ ရည်ကို ဂျုံမှုန့်ဇလုံထဲ လောင်းထည့်ပြီး ဆော်ဒါမှုန့်ရောထည့်ကာ ခလောက်မွှေပြီး မုန့်နှစ်လုပ်ပါ။

၃။ ပုစွန်အကောင် တွေပေါ်မှာ ပြောင်းဖူးမှုန့်လိုက်ဖြူးပါ။

၄။ ပြီးတော့မှ ပုစွန်တွေကို မုန့်နှစ်ဇလုံထဲ ထည့်နှစ်ပါ။

၅။ မီးဖိုပေါ်မှာ အကြော်အိုးတင်ပြီး ဆီကို အပူပေးထားပါ။ ၂ မိနစ်လောက် ပုစွန်တွေကို ရွှေရောင် သန်းလာတဲ့အထိအောင်ကြော်ပါ။ ကြော်တဲ့အခါ ဟိုဘက် သည်ဘက်လှန်ပေးဖို့ မမေ့ပါနဲ့နော်။ပုစွန်တန်ပူရာ မွမွလေးတွေကို ဆီပူထဲကဆယ်ယူပြီး ဆီစစ်စက္ကူပေါ်မှာစစ်ပါ။

ဘိတ်ချဉ်အတွက်ကတော့ ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း ၊ သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း ၊ သကြား အနည်းငယ်၊ ငရုတ်သီးပါးပါးလှီထားတာ၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ နံနံပင်နုတ်နုတ်စင်း၊ ကြက်သားမှုန့်အနည်းငယ် ရောစပ်လိုက်ရင် ရပါပြီ။

ဘိတ်ချဉ် နဲ့ ပုစွန်တန်ပူရာ တွဲဖက်စားသုံးနိုင်ပါပြီရှင့်။

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top