ကနေဒါမှာ အပူလှိုင်း ဖြတ်သန်းမှုကြောင့် လူပေါင်း ၃၃ ဦး သေဆုံး

36650712_1877212879001510_5875548452435263488_n.jpg

ကနေဒါနိုင်ငံတောင်ပိုင်း ကွီဘတ် ဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အပူလှိုင်း ဖြတ်ခဲ့လို့ လူပေါင်း ၃၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဒေသမှာ ပြီးခဲ့တဲ့ သောကြာနေ့တည်းက အပူချိန်မြင့်တက်ခဲ့ကာ အပူချိန် ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိခဲ့ပြီး ထပ်မံမြင့်တက်လာနေသေးတယ်လို့ သိရပါတယ်။

အပူချိန်မြင့်လွန်းတာကြောင့် အခု သီတင်းပတ်အတွင်း ရက်တိုင်းမှာ လူသေဆုံးမှုရှိခဲ့ပြီး သေဆုံးသူဦးရေ မြင့်တက်လာခဲ့ကာ သေဆုံးသူတွေဟာ အသက် ၅၀ နှစ်နဲ့ အသက် ၈၀ ကြားအရွယ်တွေ အများဆုံးဖြစ်ခဲ့ပါတယ်။ ကနေဒါ အာဏာပိုင်တွေက အပူလှိုင်းဟာ အဆိုပါ ဒေသအတွင်း ဆယ်စုနှစ်ကျော်မှာ အဆိုးရွားဆုံးဖြစ်ခဲ့တယ်လို့ ပြောထားပါတယ်။

ကနေဒါအာဏာပိုင်တွေက ပြည်သူတွေအနေနဲ့ ရေများများသောက်ဖို့ နဲ့ အရိပ်ရနေရာတွေမှာသာ နေထိုင်ဖို့ သတိပေးထားပါတယ်။ မွန်ရီရဲလ် မြို့တော်ဝန်က လုပ်ဆောင်နိုင်တဲ့အရာအားလုံး လုပ်ဆောင်ထားတယ်လို့ ပြောခဲ့ပါတယ်။ အပူချိန်ဟာ ဆက်လက်မြင့်တက်နိုင်သေးတာမို့ ပြည်သူတွေအနေနဲ့ ကိုယ်တိုင် ဒါမှမဟုတ် မိသားစုကို ကာကွယ်နိုင်ဖို့လည်း လုပ်ဆောင်ရမယ်လို့ မြို့တော်ဝန်က ပြောခဲ့ပါတယ်။

အများပြည်သူ နဲ့ ဆိုင်တဲ့နေရာတွေမှာ လေအေးပေးစက်တွေ ဖွင့်ထားသလို ရေကူးကန်တွေလည်း ဖွင့်လှစ်ပေးထားပါတယ်။ သေဆုံးသူ ၃၃ ဦးထဲက ၁၈ ဦး ဟာ မွန်ရီရဲလ်မြို့က ဖြစ်ပြီး ကျန်းမာရေးဌာနတာဝန်ရှိသူတွေက အပူလှိုင်းတွေဟာ လူကြီးတွေကိုသာမက လူငယ်တွေကိုပါ သေဆုံးစေနိုင်တယ်လို့ သတိပေး ပြောကြားထားပါတယ်။

Ref: bbc “Deadly heat wave kills 33 across southern Quebec”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top