မုတ်ဆိတ်ပါးသိုင်းမွေးရှိသူတွေက စစ်မှန်တဲ့ဘဝလက်တွဲဖော်ဖြစ်နိုင်

Do-girls-like-beards-1024x683.jpeg

သြစတေးလျနိုင်ငံ၊ ကွင်းစ်လန်းတက္ကသိုလ်က စိတ်ပညာရှင် ဒေါက်တာ ဒစ်စတန် (Dr.Disxton) ဟာ အမျိုးသမီးဦးရေ (၈၅၀၀) နဲ့အတူ သိပ္ပံနည်းကျ သုတေသနတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူတို့အားလုံးအတွက် ခန့်ညားချောမောတဲ့အမျိုးသားတွေရဲ့ဓာတ်ပုံနဲ့ ရုပ်သွင်ပုံစံတွေကို ပြသပြီး ဘယ်လိုအမျိုးသားပုံစံကို ဘဝလက်တွဲဖော်အဖြစ် ရေရှည်လက်တွဲလိုကြောင်းကို အင်တာဗျူးစစ်တမ်းယူခဲ့တာပါ။

အမျိုးသမီးအများစုထံကတော့ မုတ်ဆိတ်ပါးသိုင်းမွေးရှိသူ အမျိုးသားတွေကိုပဲ ဘဝလက်တွဲဖော်အဖြစ် ရေရှည်အားကိုးအားထားပြုလိုကြောင်း အဖြေပေးခဲ့ကြပါတယ်။ မုတ်ဆိတ်ခပ်ပါးပါး၊ ပါးသိုင်းမွေးခပ်ရေးရေးရှိသူတွေကိုတော့ အပျော်ခဏသာတွဲလိုကြကြောင်း ဆိုခဲ့ကြပါသေးတယ်။

အမျိုးသမီးအများစုထံကတော့ မုတ်ဆိတ်ပါးသိုင်းမွေးရှိသူ အမျိုးသားတွေကိုပဲ ဘဝလက်တွဲဖော်အဖြစ် ရေရှည်အားကိုးအားထားပြုလိုကြောင်း အဖြေပေးခဲ့ကြပါတယ်

ဒီနောက်ကွယ်ကအကြောင်းရင်းခံကတော့ ရိုးရှင်းပါတယ်။ ခန့်ညားတဲ့ ပါးသိုင်းမွေးရှိသူတွေဟာ အဖိုဟော်မုန်းဖြစ်တဲ့ တက်စ်တိုစီရုန်းဓာတ် ပိုအားကောင်းသူတွေဖြစ်သလို ပိုပြီးယောကျာၤးပီသသူအဖြစ် ထင်မြင်ခံကြရပါတယ်။ အမျိုးသမီးတွေရဲ့သဘာဝအရ ယောကျာၤးပီသတဲ့ပုံစံမျိုးကို ပိုပြီးစွဲလမ်းလေ့ရှိကြပါတယ်။

ရင့်ကျက်ပြည့်ဝသူဖြစ်ပြီး မိသားစုကို လုံခြုံမှုရှိအောင်ကာကွယ်ပေးနိုင်သူဖြစ်တယ် ဆိုတဲ့ခံစားချက်ကို ဒီလိုအမျိုးသားတွေက အပြည့်အဝပေးစွမ်းနိုင်တာကြောင့်ပါ

အဓိကကတော့ ရင့်ကျက်ပြည့်ဝသူဖြစ်ပြီး မိသားစုကို လုံခြုံမှုရှိအောင် ကာကွယ်ပေးနိုင်သူဖြစ်တယ် ဆိုတဲ့ခံစားချက်ကို ဒီလိုအမျိုးသားတွေက အပြည့်အဝပေးစွမ်းနိုင်တာကြောင့်ပါပဲ။

ပခုံးခပ်ကျယ်ကျယ်၊ အသံသြဇာကောင်းကောင်းရှိခြင်းနဲ့အတူ မေးရိုးလေးထောင့်ကျကျနဲ့ မုတ်ဆိတ်ပါးသိုင်းမွေးရှိသူ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ သည်းခြေကြိုက်ဖြစ်နေလေ့ရှိပါတယ်။ မေးရိုးတောင့်တောင်းတင်းတင်းနဲ့တွဲဖက်ထားတဲ့ ခန့်ညားလှတဲ့မုတ်ဆိတ်ပါးသိုင်းမွေးဟာ ပိုလို့ညှို့ဓာတ်ပြင်းစေလို့ မိန်းမသားတွေအတွက် ခင်တွယ်ယုံကြည်လိုစိတ်၊ စိတ်ချလက်ချ အားကိုးလိုစိတ်ကို ဖြစ်ပေါ်လာစေပြီး တစ်သက်လုံးစာလက်တွဲသွားလိုကြကြောင်း သိရှိရပါတယ်။

မိန်းမသားတွေဟာ ပုံမှန်မဟုတ်လောက်တဲ့အထိ ထူထဲရှည်လျားလှတဲ့ မုတ်ဆိတ်မွှေးပိုင်ရှင်တွေကို အထက်ကဆိုခဲ့တာနဲ့ ဆန့်ကျင်စွာပဲ နှစ်သက်လေ့မရှိကြကြောင်းသိရပါတယ်

အခြားတစ်ဘက်မှာတော့ မိန်းမသားတွေဟာ ပုံမှန်မဟုတ်လောက်တဲ့အထိ ထူထဲရှည်လျားလှတဲ့ မုတ်ဆိတ်မွှေးပိုင်ရှင်တွေကို အထက်ကဆိုခဲ့တာနဲ့ ဆန့်ကျင်စွာပဲ နှစ်သက်လေ့မရှိကြကြောင်း သိရပါတယ်။

Ref: Brightside “Bearded Men Make Better Boyfriends”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top