၁၁ရက်ကြာမအိပ်ပဲနေခဲ့တဲ့ ၁၇နှစ်အရွယ်ကောင်လေး

19-3-2020-yyl-003.jpg

တစ်ခုအရင်ပြောစရာရှိတာက ဂင်းနစ်မှတ်တမ်းစာအုပ်ဟာ အခြား အခြားသောစံချိန်တွေကို ရေးမှတ်ထားပေမယ့် ဒီလိုကမ္ဘာ့အရှည်ကြာဆုံး မအိပ်ပဲနေခဲ့တဲ့ စံချိန်မျိုးကိုတော့ လုံးဝမရေးမှတ်ပေးပါဘူး။ ဘာလို့လဲဆိုတော့

ဒီလိုမျိုးစံချိန်လိုက်ချိုးကြမယ်ဆိုရင် တော်တော်ကိုအန္တရာယ်များတဲ့ ကိစ္စမျိုးဖြစ်လို့ပါပဲ။

ရက်ပေါင်းများစွာ မအိပ်ပဲနေဖို့ဆိုတာ တွေးမိရုံနဲ့တင် တော်တော်ကို မလွယ်ကူတဲ့ ကိစ္စမှန်း သိနိုင်ပါတယ်။ ဒါပေမယ့် ၁၉၆၃ခုနှစ် ဒီဇင်ဘာလတုန်းက အသက် ၁၇နှစ်အရွယ် ရန်ဒီဂါ့ဒ်နာ(Randy Gardner)ကတော့ ၁၁ရက်​ကျော်ကြာအောင် မအိပ်ပဲနေခဲ့ဖူးပါတယ်။

ရန်ဒီဟာ သူ့သူငယ်ချင်းနှစ်ဦးဖြစ်တဲ့ ဘရုစ်မက်အယ်လစ်စတာ(Bruce McAllister)နဲ့ ဂျိုးမာစီယာနို(Joe Marciano)တို့ရဲ့အကူအညီနဲ့ သိပ္ပံပွဲတစ်ခုမှာ အနိုင်ရရှိဖို့အတွက် ဒီ ၁၁ရက်ကြာ မအိပ်မနေနိုးကြားနေအောင်နေရမယ့် ပရောဂျက်ကို စခဲ့ပါတယ်။ တော်တော်များများသိကြမှာက ကာလကြာရှ ည်မအိပ်မနေနေခြင်းဟာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။

ရန်ဒီတို့သူငယ်ချင်းတစ်စုဟာလည်း သိပါတယ်။ သိပေမယ့်လည်း သိပ္ပံပွဲမှာ အနိုင်ရရှိလိုတာကြောင့် ဒီစမ်းသပ်ချက်ကို သုံးဦးသဘောတူ စတင်ခဲ့ကြပါတယ်။ မအိပ်တဲ့ ပထမနှစ်ရက်မှာ ရန်ဒီဟာ စကားပြောရာမှာ ခက်ခဲလာတာ လျှာလိမ်တာ လျှာခလုတ်တိုက်တာမျိုးတွေ ဖြစ်လာသလို အရာဝတ္ထုတွေနဲ့ ပတ်သက်ပြီးတော့လည်း ထိရတွေ့ရမှာကို ရှောင်လာပါတယ်။

အဲ့ဒီနောက်မှာ တဖြည်းဖြည်း အနံ့တွေနဲ့ပတ်သက်ပြီး သိပ်ကိုထိရှလွယ်လာပါတယ်။ သိပ်အနံ့မပြင်းတဲ့အရာတွေကိုတောင်မှ သူဟာမခံနိုင်ဖြစ်လို့ သူ့အနားကို မယူလာစေပါဘူး။ ငါးရက်မြောက်နေ့မှာ သွေးလေခြောက်ခြားပြီး ထင်ယောင်ထင်မှားပုံရိပ်တွေ မြင်ယောင်လာပါတယ်။ မှတ်ဥာဏ်တွေနဲ့ပတ်သက်ပြီးလည်း ခက်ခဲလာပါတယ်။ ဒါပေမယ့် သူကတော့ ကြိုးစားတင်းခံခဲ့ပါတယ်။ သူ့သူငယ်ချင်းနှစ်ယောက်ဟာ ရန်ဒီနိုးနိုးကြားကြား ရှိနေစေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုတွေ စိတ်လေ့ကျင့်ခန်းတွေ ကူလုပ်ပေးခဲ့ပါတယ်။

ဒီအတောအတွင်းမှာ စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်တွေ တော်တော်ခံစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ရန်ဒီဟာ ၁၁ရက်နဲ့ ၂၅မိနစ်ကြာအောင် မအိပ်ပဲနေနိုင်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာလည်း သိပ္ပံပွဲမှာ ဆုရရှိခဲ့ပါတယ်။ တစ်ကယ်တော့ ရန်ဒီဟာ နှစ်တော်တော်ကြာအောင် ဒီစမ်းသပ်မှုရဲ့သက်ရောက်မှုတွေကို ခံခဲ့ရပါတယ်။ ညဘက်အိပ်မပျော်တဲ့ရောဂါတောင် ရခဲ့ပါတယ်။ ရိုးရာ​လေးပရိသတ်​တွေကို အံ့ဩစရာမှတ်တမ်းတစ်ခုကို သိအောင်မျှဝေတာသာဖြစ်လို့လိုက်​မစမ်​းသပ်​ကြည်​့ဖို့ အထူးမှာချင်​ပါတယ်​။

 

Ref: Curiosity: This 17 years old boy stayed awake for 11 days, for Science

Sophia(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top