အပြောင်းအရွှေ့ကြောင့် ဆန်းချက်ဇ်ကို လူစာရင်းကနေ ချန်လှပ်ခဲ့တာမဟုတ်ဘူးလို့ အာဆင်နယ်နည်းပြပြော

IMG_1477-640x400.jpg

မန်စီးတီးအသင်းက ဆက်သွယ်နေလို့ တိုက်စစ်မှုး ဆန်းချက်ဇ်ကို ချဲလ်ဆီးနဲ့ ကစားတဲ့ ကာရာဘောင်ဖလား အကြိုဗိုလ်လုပွဲစဉ် ပွဲထွက်လူစာရင်းက ချန်လှပ်ထားခဲ့တာမဟုတ်ဘူးလို့ အာဆင်နယ် နည်းပြ ဝင်းဂါးကပြောပါတယ်။

ဒါ့အပြင် ချီလီတိုက်စစ်မှူး ဆန်းချက်ဇ် အသင်းမှာ အချိန်အတန်ကြာ ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့ ဝင်းဂါးက ဆိုပါတယ်။

ဆန်းချက်ဇ်ဟာ မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက်က ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ ကာရာဘောင်ဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်မှာ အရန်ခုံမှာသာထိုင်ခဲ့ရပြီး ဒုတိယပိုင်းမှသာ လူစားဝင်ကစားခဲ့ရပါတယ်။ အသက် ၂၉ နှစ် အရွယ်ရှိ ဆန်းချက်ဇ်ကို မန်စီးတီးအသင်းက အသည်းအသန် ဆက်သွယ်နေပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ နွေရာသီအပြောင်းအရွှေ့ ကာလအတွင်းကလည်း ဆန်းချက်ဇ်ကိုခေါ်ဖို့ ချိတ်ဆက်ခဲ့ပြီး အပြောင်းအရွှေ့နောက်ဆုံးရက်ရောက်မှ ပျက်ခဲ့ရဖူးပါတယ်။

goal သတင်းဌာန ရဲ့ဖော်ပြချက်အရ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ကိုခေါ်ယူဖို့အတွက် ဇန်နဝါရီအပြောင်းအရွေကာလအတွင်းမှာ နှစ်ဖက်စလုံး ဟာ ဆက်လက်ဆွေးနွေးမှုတွေလုပ်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ နည်းပြဝင်းဂါးက ” ဆန်ချက်ဇ်ကို ပွဲထွက်ကစားသမား စာရင်းကနေ ချန်ခဲ့တာ အပြောင်းအရွှေ့ဈေးကွက်နဲ့မဆိုင်ဘူး၊ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်တိုင်းကို လိုက်ရှင်းနေမှာ မဟုတ်ပါဘူး။ ပွဲပေါင်း ၁၀၀၀ ကျော်တာဝန်ယူခဲ့ပြီး အဲဒီမှာကစားခဲ့တဲ့ အသင်းပေါင်း ၁၀၀၀ နဲ့ ပွဲစဉ်တိုင်းမှာ အမှားတွေလည်းရှိနိုင်တယ် “လို့ပြောခဲ့ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Goal : Wenger still hopeful Alexis won’t depart

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top