အိန္ဒိယနဲ့ တရုတ်နိုင်ငံက ဟိမဝန္တာနယ်စပ်တစ်လျှောက်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ အပြိုင်လုပ်ဖို့ ကြိုးစားနေ

30-7-2020-yyl-016.jpg

အိန္ဒိယနဲ့ တရုတ်နိုင်ငံဟာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်ဒေသတစ်လျှောက်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ အပြိုင်အဆိုင်လုပ်ဖို့ ကြိုးစားနေကြပါတယ်။ ပြီးခဲ့တဲ့လက အိန္ဒိယနဲ့ တရုတ်စစ်သည်တွေ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အိန္ဒိယစစ်သည်အယောက် ၂၀ ကျဆုံးခဲ့တဲ့ဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံရဲ့ ရှေ့တန်းလေတပ်အခြေစိုက်စခန်းဆီ လမ်းသစ်ဖောက်လုပ်မှုနဲ့ ဆက်နွှယ်နေတယ်လို့ ဆိုကြပါတယ်။ တောင်တွေကို ရစ်ခွေဖောက်လုပ်ထားတဲ့ DSDBO လမ်းဟာ မိုင် ၁၄၀ ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀၀၀ ကျော်မှာ တည်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးလေတပ်စခန်းကို ဦးတည်ထားတာပါ။

ဆယ်စုနှစ် ၂ ခုလောက် ကြာမြင့်ခဲ့တဲ့ လမ်းဖောက်လုပ်ရေးလုပ်ငန်းတွေက ပြီးခဲ့တဲ့နှစ်မှာ ပြီးစီးခဲ့ပါတယ်။ လမ်းဖောက်လုပ်မှု ပြီးဆုံးသွားခဲ့လို့ ပဋိပက္ခတစ်ခုခု ကြုံလာရင် လူသူလက်နက်ပစ္စည်းတွေ ပို့နိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့စွမ်းရည် မြင့်တက်လာစေမှာပါ။ အိန္ဒိယနဲ့ တရုတ်နိုင်ငံဟာ သူတို့နှစ်နိုင်ငံကြား ပိုင်းခြားထားတဲ့ ထိန်းချုပ်ရေးလမ်းကြောင်းတစ်လျှောက်မှာ လမ်းတွေ၊ ရထားလမ်းတွေ၊ လေယာဉ်ကွင်းတွေ တည်ဆောက်ဖို့ ငွေကြေးအင်အား၊ လူအင်အား ကြီးကြီးမားမား သုံးစွဲခဲ့ကြသလို လာဒက်ဒေသရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ခေတ်မီအောင်လည်း ဆောင်ရွက်နေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top